part-3

8K 713 3
                                    


အနှစ်နှစ်ဆယ် ကြာပြီးနောက်​ တွေ့ဆုံခွင့်​ရသော ဆောင်းရာသီ၏ အချိန်ကာလတစ်ခု~~

~~~~~~~

ဆူဆူညံညံ ညနက်​နက်​၌ မြူးကြွသော သံစဉ်​များနှင့်​ ပြည်​နှက်​ရာနေရာ

"Arrrrrrr)))))"
"oppa))))"

လေဟာပြင်ထဲ ဗုန်းပေါက်ကွဲသွားသလို တိတ်ဆိတ်နေသော လောကကို ဖြိုခွဲလိုက်သူအား မြင်​လိုက်​ရသောအခါ သန်းနဲ့ချီသော အမျိုးသမီး၏ အော်​ဟစ်​သံအချို့ဟာ ပိုမိုမြင့်​တတ်​လာသည်

"Arrrrr~~~~"

ဆူညံသော မိန်းမပျိုလေးများ၏ အော်သံတစ်ချို့ဟာ အဆုံးမရှိ ပျော်​ရွှင်​များနှင့်​ ရုန်းကြွနေ၏

ထွန်းလင်းဆဲ ငွေကြယ်ပွင့်တစ်​ခု လောကကို ဆင်းသက်လာသလိုမျိုး မှေးမှိန်နေသော အရာ အားလုံး တောက်ပလာစေအရာ--

ငြိမ်သက်နေသော အရာ အားလုံး ရုန်းကြွလာစေသောအရာ--

နှစ်ဆယ့်ငါးနှစ်အရွယ် သန်တုန်း မြန်တုန်း ခုန်ပေါက်လို့ကောင်းတုန်း ကျားပေါက်လေး တစ်ကောင်လိုပင် chanyeol ဟာ အနက်ရောင် ကားပေါ်က ပြေးဆင်းလာသည်

အားလုံးကို ရူးသွပ်သွားစေနိုင်တဲ့ အပြုံးတွေနဲ့ပေါ့ --

လောကတစ်ခု၏ အရှင်သခင်လို အောင်မြင်နေဆဲ လူသားတစ်​ဦး ကားပေါ်က ဆင်းလာသည်နှင့် လုံခြုံရေးများ ပြေးလာသည်

လုံခြုံရေးတွေနဲ့ မန်နေဂျာက သူအနားမှာ အစောင့်အရှောက်တွေလို ဝိုင်းပြီး ထိန်းချုပ်ထားကြသည်

Chanyeol မျက်မှန်လေးကို မ ကာ ခပ်ယဲ့ ယဲ့လေး ပြုံးပြလိုက်သည်

ထိုအရာက မိန်းမပျိုလေးများ၏ အသည်းအား အဆမတန်​ လှုပ်​ခတ်​သွားစေလား~

"onm---
"----onm
"Arrrrrrr

ချက်ချင်းဆိုသလို နှစ်ဆ မြင့်တတ်လာသော အော်သံနှင့် ရုန်းကြွလာသော လွတ်လပ်မှုကို ရှာဖွေနေတဲ့ သူနဲ့ သူ၏ ကောင်မလေးများ

×××××

မနက်​ခင်​ နေရောင်​ခြည်​၏ လှပသော ဆောင်းနှင်းများကြားက ဈေးတန်းတစ်​ခု---

Dream CafeМесто, где живут истории. Откройте их для себя