par-63

2K 296 8
                                    

ည​နေ​တောင်​​စောင်း​နေ ပါ​ရော့လား

အ​နောက်​ဘက်​သို့ ​ဝင်​​နေသည့်​ ​နေလုံး၏ ခပ်​စွန်းစွန်း ​နေ​ရောင်​​လေးကို ​စောင်​​တွေကြားက​နေ အမှတ်​တမဲ့ မြင်​လိုက်​မိ​သော အချိန်

Suho အိပ်​ယာက ထလိုက်​တယ်

အဖြူ​ရောင်​ ​စောင်​​တွေနဲ့ အတူ အကျီမပါ​သော ကိုယ်​ခန္ဓာ​ပေါ် ရစ်​ပက်​ထား​သော လက်​တစ်​စုံ

Suho သူ့​ဘေးကို ကြည့်​လိုက်​တယ်

Yixing အိပ်​​နေတယ်

ခပ်​ဖြူဖြူ အသားအ​ရေနှင့်​ ​ဆောင်းညအတွက်​ ​ဂျူတီချိန်​ ကုန်သွား​သော ​အလင်းသဲ့သဲ့​အောက်​မှာ Yixing ဟာ အိပ်​​မောကျ​နေတယ်

Suho ပတ်​ဝန်းကျင်​ကို ​ဝေ့ဝဲပြီး ကြည့်​လိုက်​တယ်

ပန်းချီကား​တွေနဲ့ ​ဆေးစုတ်​တံ​တွေ သပ်​သပ်​ ရပ်​ရပ်​ စီထား​သော အဖြူ​ရောင်​ လိုက်​ကာ​တွေနဲ့ အခန်းကျယ်

မှန်​ချပ်​​တွေကာရံထားပြီး သူတို့နှစ်​​ယောက်​ဟာ ထိုအခန်းရဲ့ ​ဘေးက အခန်းကျဉ်း​လေးထဲမှာ အတူရှိတယ်

ဘေးနားမှာ စာအုပ်​​စင်​​တွေနဲ့ အလှထား​သော ​ကြွေပန်းအိုး​တွေ ဝန်းရံ​နေပြီး အမှန်​တကယ်​ကို ကျဉ်း​မြောင်း​သော ​နေရာ​လေး တစ်​ခုက အိပ်​ယာဖြူ​ကြီး တစ်​ခုထဲမှာပါ

အ​ရောင်​စုံ ဝတ္ထု​တွေကြားက ခြုံလွှမ်းထား​သော အ​အေးဓာတ်​နှင့်​ ​ခြုံ​စောင်​ဖြူ​တွေဟာ သူ့အနားမှာ တိမ်​သား တိမ်​စိုင်​ခဲ​တွေပဲ ဝန်းရံ​နေတယ်

Suho Yixing ကို လှည့်​ကြည့်​လိုက်​တယ်

ခန္ဓာကိုယ်​ရဲ့ တစ်​ချို့ အစိတ်​အပိုင်း​တွေကိုသာ ဖုံးအုပ်​ထားပြီး Yixing ဟာ သန်​မာထွားကြိုင်းပြီးသား လူပုံစံလိုပဲ

မာ​ကျောတဲ့ ​သူရဲ့ ​ကျောပြင်​ကို Suho ဘက်​ထားပြီး ခန္ဓာက်​ကိုယ်​ကို သက်​သာစွာ ​မှောက်​အိပ်​​နေတယ်

Suho အသက်​ရှု ထုတ်​လိုက်​ရင်း ကုတင်​​အောက်​က သူ့ရဲ့ အကျီ အဝတ်​အစား​တွေ ပြန်​​ကောက်​လိုက်​တယ်

Dream CafeWhere stories live. Discover now