Part-54

2K 302 11
                                    

Chen ည​နေ အိမ်​ပြန်​လာတဲ့ အခါ

Chanyeol မရှိဘူး~~

Xiumin မပါဘဲ Chen တစ်​​ယောက်​တည်း အိမ်​ပြန်​လာခဲ့တယ်

Chanyeol ကို မမြင်​တာမို့ ရှာလိုက်​မိ​သေးတယ်

"သူ ဘယ်​သွား​နေတာလဲ"

စိတ်​မချတာမို့ က​လေးလို အခန်း​လေး​တွေထဲ ဟိုဝင်​ ဒီဝင်​​တော့ ကြည့်​မိ​နေဆဲ

ညနက်​​တော့ Chanyeol အိမ်​ပြန်​လာတယ်

ယိုင်​တိုင်​ ယိုင်​တိုင်​နဲ့ အရက်​​တွေလည်​ အများကြီး ​သောက်​လာတယ်

"Chanyeol!!"

Chanyeol အိမ်​ထဲ ဝင်​တာနဲ့ Chen ရင်​ခွင်​ထဲ ပစ်​လဲသွားတယ်

"on!"

Chen ဆက်​ခနဲ လှမ်းထိန်းပြီး တွဲကာ အခန်းထဲ ​ခေါ်လာခဲ့တယ်

Chanyeol ကုတင်​​ပေါ် ​မှောက်​ခုံ ပစ်​လဲသွားတယ်

အရက်​နံ့တို့ ​ထောင်း​နေပြီး သူ မထနိုင်​​တော့

ကောင်း​ကောင်း အိပ်​​ပျော်​​အောင်​ Chanyeol ​ကောင်း​ကောင်း ​သောက်​လာခဲ့တယ်

အရက်​ကို အ​ဖော်​လုပ်​လိုက်​ရင်​​တော့ အရာအားလုံးကို တခဏ​လောက်​​မေ့ပြီး အိပ်​​ပျော်​သွားမယ်​လို့ ထင်​ခဲ့တယ်

ဒါ​ပေမယ့်​ အဲ့ဒါဟာ မှားခဲ့တယ်

ပါးစပ်​ထဲ အရက်​ဝင်​လာတဲ့ အခါ သူ့စိတ်​ကိုပါ သူ​မေ့သွားတယ်

နှလုံးသား​စေရာကို​ သူမတားဆီးနိုင်​​တော့ဘူး

အထိန်းအချုပ်​ လွတ်​သွားတဲ့ လူလို ရင်​ထဲမှာ ခံစားရတဲ့အတိုင်း နှုတ်​တိုက်​ ​အော်​​နေခဲ့တတ်​တယ်

ဒါမှမဟုတ်​ အရက်​​သောက်​လိုက်​လို့များ Alcohol ​ကြောင့်​ အရင်​က Chanyeol ပြန်​ဖြစ်​သွားတာများလား

သူ့ကိုယ်​တိုင်​ မသိလိုက်​ဘဲ Baekhyun နာမည်​ကို ရွတ်​​နေတယ်

"Hyung ::: လိမ်​တယ်​"

"အနားမှာ ​နေမယ်​ဆိုပြီး အခု မရှိ​တော့ဘူး:::"

Chanyeol ကုတင်​​ပေါ်မှာ ​မှောက်​ခုံ​လေး တိုးညင်းစွာ ညည်း​နေတယ်

Dream CafeDonde viven las historias. Descúbrelo ahora