Part-5

5.9K 646 7
                                    

Baekhyun အိမ်သာထဲဝင်ပြီး လက်ဆေးရင်းနဲ့ မှန်ကြည့်လိုက်သည်

သူ့မျက်နှာလေးအား မှန်ထဲ၌ သေချာကြည့်မိတော့မှ တဖက်ခြမ်းးမှာ တခြားလူတစ်ယောက် ရောက်နေသလိုပင်​ ထင်​မိ၏

သူ့အသက်ထက် ထက်ဝက်မျှငယ်သော အနွေးထည် အထပ်ထပ်နှင့် သာမန် လူငယ်တစ်ယောက် မှန်​ထဲရောက်​နေသလိုမျိုး

Baekhyun မတ်​တပ်​ရပ်​ သေချာရပ်​ပြီး ကိုယ့်​ကိုကိုယ်​ မှန်​ထဲပြန်​ကြည့်​လိုက်​သည်

"arr~~ ငါက ငယ်​တဲ့ပုံပေါက်​သေးတာပဲ"

တကယ်တမ်းကျတော့ သူဟာ မငယ်တော့ပါဘူး

ဒါပေမယ့် သူ့ရဲ့ ဘဝတစ်​လျှောက်​လုံးဟာ လွတ်လပ်သော လူငယ်တစ်​ဦးလို မဖြတ်သန်းခဲ့ရပါဘူး

ဆံပင်လေးတွေ လူအုပ်ကြောင့် ပွပြဲနေတာမို့ အသာလေး လက်မှာစိုနေဆဲ ရေဖြင့်​သပ်​တင်​လိုက်သည်

စိန်​ပြေနပြေ ပြုပြင်​ရင်း Baekhyun ငယ်ငယ်က ဆိုဖူးသော သီချင်းလေး ပြန်ညည်းနေမိသည်

×××××

Waiting Room-----

Chanyeol အဝတ်လဲခန်းမှာ သူ့ကိုယ်ပေါ်က ဆင်ပေးထားသော အရာတွေ ပြန်ဖြုတ်ပြီး အဝတ်လဲနေသည်

ပြီးလျှင်​ သူဟာ မိနစ်​အနည်းငယ်​နားပြီး နောက်​တစ်​နေရာအတွက် နောက်တစ်မျိုး ပြင်ဆင်ရမည်

အိပ်​ချိန်​ သုံးနာရီတောင်​ မပြည့်​သော သူ့ရဲ့အချိန်​တွေဟာ အထီးကျန်​စရာလည်း ကောင်းလှပါတယ်

ပရိတ်​သတ်​တွေနဲ့ တွေ့ပြီးတဲ့အချိန်​တိုင်း တစ်​ယောက်​တည်း ဖြစ်​သွားသည့်​အခါ ပြန်​လည်​တိုးဝင်​လာတဲ့ စိတ်​ဖိစီးမှုတွေက မွန်းကြပ်​လှသည်

အနားမှာ လုပ်ကိုင်ပေးနေသော သူ့ရဲ့ stylist အမျိုးသမီးနဲ့ မန်နေဂျာကလွဲလို့ ကျန်​သောသက်​ရှိများဟာ သူ့အနားမှာ ရှိပေးနိုင်​သူများ မဟုတ်​ပါ

အောင်​မြင်​မှုများလေ အထီးကျန်​ဆန်​မှုက ပိုများလာလေပါ

မြင့်​မြတ်​သော ဘုရင်​တစ်​ပါးအတွက်​ နောက်​ပြောင်​ပေးနိုင်​မယ့်​ အပေါင်းအသင်းမရှိသလိုမျိုး အမြင့်​ဆုံးသော တောင်​ထိပ်​မှာ ထီးထီးကြီး တစ်​ယောက်​တည်း ရပ်​နေရမည်

Dream CafeDonde viven las historias. Descúbrelo ahora