part-49

1.9K 283 9
                                    


Chen အခန်းထဲ ဝင်​လာတဲ့အချိန်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ငြိမ်​သက်​စွာ စိုက်​ကြည့်​​နေကြ​သော Baekhyun နဲ့ Chanyeol ကို ​တွေ့လိုက်​ရတယ်

Baekhyun ဟာ မျက်​ရည်​တို့ ဝဲ​နေပြီး Chanyeol ရဲ့ လင်းလက်​​သော မျက်​ဝန်း​လေး​တွေဟာ ပွင့်​ဟ​နေတယ်

Chen အနားကို ပြာယာစွာ ​ပြေးသွားတယ်

"Chan~~"
"Chanyeol~~

ထင်​တာထက်​ ပိုပြီး လျင်​မြန်​စွာ နိုးထလာ​သော Chanyeol​ ​ကြောင့်​ Chen ရုတ်​တရက်​ စိတ်​လှုပ်​ရှားသွားမိတယ်

"Chanyeol နိုးလာပြီ~~~"

Chanyeol က သူ့ဘက်​ကို ​လှည့်​ပြီး ပြန်​​မော့ကြည့်​တယ်

"နိုး-- နိုးပြီလား"

Chanyeol ​ခေါင်း​လေး ​ရွေ့ရုံသာ ငြိမ့်​ပြလိုက်​တယ်

ပြာယာခတ်​ပြီး စိတ်​လှုပ်​ရှားစွာ ဆရာဝန်​ကို ​​ပြေး​ခေါ်​​ဖို့ အပြင်​ထွက်​​ပြေးသွား​သော Chen

Chanyeol ပြန်​ပြီး အနားမှာ နဂိုအတိုင်း ကျန်​ခဲ့သူကို ပြန်​လှည့်​ကြည့်​လိုက်​တယ်

အံ့သြမင်​သက်​စွာ သူ့မျက်​နှာကို စိုက်​ကြည့်​ရင်း ​တောက်​ပ​နေ​သော မျက်​ဝန်း

Chanyeol ပြုံးပြလိုက်​တယ်

"ကျွန်​​တော့်​ကို ​စောင့်​ရင်း အိပ်​​ပျော်​​နေတာလား~~"

Baekhyun ပြန်​လည်​​ဖြေဆိုဖို့ စကားလုံး​တွေ ရုတ်​တရက်​ ထွက်​မလာခဲ့မိဘူး

"​ကျေးဇူးတင်​ပါတယ်​"

မနက်​ခင်း၏ ကြည်​လင်​ လင်းလက်​​သော ထွက်​ခါစ ​နေ​ရောင်​ခြည်​​လေးလို ​တောက်​ပ​နေ​သော မျက်​ဝန်းအကြည့်​ နှင့်

အဖြူ​ရောင်​ စက္ကူပြင်​လို ဗလာဖြစ်​​နေ​သော ခံစားချက်​ အပြုံး​လေး

သို့​သော်​ Baekhyun ရဲ့ ရင်​ထဲမှာ​သော ​စုတ်​ချက်​မညီ​သော ပန်းချီကားကြီးလို မလှပစွာ ​ဆေးသား​တွေ ပြည့်​လာတယ်

နောက်​​တော့ Chen နှင့်​အတူ ဆရာဝန်​​ ​ရောက်​လာတယ်

သူနာပြုတစ်​ချို့ ပါလာပြီးး စစ်​​ဆေးမှု​တွေ လုပ်​​နေကြတယ်

Dream CafeTempat cerita menjadi hidup. Temukan sekarang