part-20

4.5K 417 4
                                    

အေးစက်နေသော ညမှောင်မှောင်အောက်က အိမ်မဲမဲလေး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အေးစက်နေသော ညမှောင်မှောင်အောက်က အိမ်မဲမဲလေး

"ဝူး::::::"

ညအမှောင်အောက်က ညက်ညောသော ကားစက်သံ

တံခါးဖွင့်သံတစ်ခုနှင့်အတူ အနက်ရောင် နှင်းတွေ ပေနေသော ဖိနပ်တစ်စုံ

အဝါရောင် မီးလုံးလေးတွေ လင်းနေသော မီးခိုးတိုင်လေးဆီက ဆာလောင်စေသော မွှေးရနံ့တစ်ခု

ရွှေရောင် လက်ကိုင်ဆီ လှမ်းရင်း ခေါင်းလောင်းသံ မမြည်အောင် ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သော လက်

တိတ်ဆိတ်သော ခြေသံတစ်ခုနှင့် အငွေ့အသက် တစ်ခု

အဝေးမှာ လှောင်ရီနေသော ထုနှက်သံများနှင့် လှပသော ပုံဆောင်ခဲငယ်များကို ပုံသွင်းနေသူ တစ်ယောက်

ဂျုံတွေ နယ်နေသော လက်ချောင်းလေးတွေ အထက်က လက်မောင်း ကြွက်သားငယ်များကို သူမြင်တွေ့နေရတယ်

အကျီအဖြူကို လိပ်တင်ပြီး Baekhyun ဂျုံနယ်နေတယ်
သူ့ရဲ့ လက်ချောင်းလေးများနှင့် ဆုပ်လိုက် နယ်လိုက် ထုလိုက် ထောင်းလိုက်

Chanyeol လှမ်းကြည့်နေမိတယ်

ကြက်ဥဖောက်ထည့်လိုက်ရင်း Baekhyun ဇလုံလှည့်ယူလိုက်တယ်

"on!!!"

Baekhyun လန့်သွားမိတယ်

သူ့ အနောက်မှာ ရပ်နေသော မဲမဲသည်းသည်း အကောင်ကြီးး

" arr-- လန့်လိုက်တာ"

Baekhyun သူ့ရင်ဘက်လေး သူဖိပြီး ပြောရင်း ပြန်ရီပြလိုက်တယ်

"ဘယ်ကတည်းက ရောက်နေတာလဲ~~"

Chanyeol က မျက်လုံးလေး နှစ်လုံးပဲ မသိမသာ ဖော်ပြီး သူ့အနောက်မှာ ရပ်နေတယ်

Dream CafeWhere stories live. Discover now