Part-18

4.2K 475 2
                                    

"Singer Part Chanyeol~~"
"စာချုပ်ဖျက်သိမ်းလိုက်ပြီ"

Suho အံ့အားသင့်သွားသည်

"ဘာပြောတယ်"

"ဇာတ်ဆောင် မင်းသားကို ကျန်းမာရေး အရ သူ့ ကုမ္ပဏီက သရုပ်ဆောင်ခွင့် ရပ်နားဖို့ သတင်းထွက်နေတယ်"

"မဖြစ်နိုင်---

"စာချုပ်အတိုင်း လျော်ကြေး ငါးဆ ပြန်ပေးမယ်လို့ ကြားတယ်တဲ့"

"~~

Suho နူတ်ဖျားက စကားလုံးတွေ ရပ်တန့်သွားမိသည်

လျော်ကြေးက ငါးဆ---

"Chanyeol ရဲ့ အစ်ကို ဖြစ်သူက ပေးတာလို့ ကြားတယ်"

"သူက အရမ်း ချမ်းသာတာလေ~~~

"အဲ့ဒါကြောင့် ဇာတ်လမ်းကို "
"မြန်မြန် အဆုံးသတ်ဖို့ စီစဉ်နေကြတယ်:::"

"အဲ့ဒါကြောင့် ဒီနေ့ အစည်းအဝေးရှိတယ်လို့ လာပြောတာ~~

Suho စိတ်ဒေါသတို့ ထွက်မိ၏

လက်ထဲမှာ ကိုင်ထားသော ဇာတ်ညွှန်း စာရွက်တစ်ချို့မှာ သူ အများကြီး ရေးသားထားသည်

Chanyeol ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို သဘောကျပေးခဲ့မိသည်

Suho စိတ်လျော့ရင်း အသက်ပြင်းပြင်း ရှုထုတ်လိုက်၏

"ဘယ်လိုဖြစ်ကုန်တာလဲ!!"
"ရူးတော့မှာပဲ::::"

စာရွက်ပေါ်က သူဖန်တီးထားသော Chanyeol အတွက် ဖန်တီးသော ဇာတ်အိမ် ပုံရိပ်တွေဟာ အစမှာတင် ပျက်ဆီးသွားပြီလား

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!
တစ်သက်နဲ့ တစ်ကိုယ် ဒီလိုလုပ်ဖို့ မတွေးဖူးဘူး

ဇာတ်လမ်းက အစမှာတင် ဆုံးမှတော့ ဘယ်လိုလုပ် အရသာရှိတော့မှာလဲ--

သူ့ရဲ့ ဇာတ်လမ်းတွဲကို ဘာကြောင့်များ ရုတ်တရက် ဒီလိုလုပ်ပစ်နိုင်ရတာလဲ

ကြည့်ရှု့သူတွေလည်း Chanyeol ဆိုတဲ့ နာမည်နဲ့တင် အုံကြွလာနေပြီး မိမိဟာ Chanyeolအတွက် လှုပ်ရှားမှုနဲ့ စကားလုံး အနည်းငယ်သာ ထည့်ပေးထားသော ဇာတ်လမ်းသစ်ကိုတောင် မလုပ်ဆောင်ပေးနိုင်တော့ဘူးဆိုတော့ Chanyeol၏ ကျန်းမာရေးဟာ တကယ်ပဲ အခြေအနေ အရမ်းဆိုးရွှားနေတာလား

Dream CafeDonde viven las historias. Descúbrelo ahora