Part-16

4.2K 484 2
                                    

Baekhyun ဆေးရုံရှေ့မှာ အေးစက်နေသော သူ့လက်ကလေးကို လေပူမှုတ်ရင်း ဟိုသွား ဒီသွား လုပ်နေမိသည်

ညဆိုသော နေရာကို ပြန်ရောက်လာပြန်ပြီ ဖြစ်၏

ဆေးရုံကြီး တစ်ခုလုံးဟာ ကြယ်တွေပွင့်နေသလို မီးရောင်လေးတွေ တောက်ပနေသည်

Baekhyun အဆောက်အဦးကြီးကို မော့ကာ လှမ်းကြည့်နေမိ၏

အနွေးထည် အထပ်ထပ်နဲ့ သူဟာ ဆေးးရုံရှေ့မှာ ရပ်နေခဲ့သည်

"Chanyeol အဆင်ပြေရဲ့လား"

Baekhyun ရေရွတ်လိုက်မိသည်

ပထမဦးဆုံး စိုးရိမ်တတ်ခြင်း မဟုတ်ခဲ့ပေမယ့် အမြဲတမ်းအတွက် စိုးရိမ်ခြင်းတွေကတော့ အခုချိန်မှာ Chanyeolအတွက်သာ ဖြစ်ပေါ်နေမိသည်

သူတို့နှစ်ယောက်ဟာ အချိန်တွေ အကြာကြီး ရင်းနှီးဖူးသူတွေလိုပဲ ခံစားချက်ဟာ ဘာကြောင့် နစ်မြှပ်နေမိတာလဲ!!

တစ်ခါမှလည်း မသိဖူးဘဲ နှလုံးသားဟာ ဘာကြောင့် အရမ်း စိုက်ထိုးနေခဲ့ရတာလဲ

နာကျင်မှုနဲ့ နွေးထွေးမှုက တစ်လှည့်စီ သူတို့နှစ်ယောက်ထံ၌ လည်ပတ်ပေးနေသည်

ဒါမှမဟုတ်!!
ငါတို့ နှစ်ယောက်က အတိတ်မေ့နေတဲ့သူတွေ များလား--

အရင်က အရမ်း ခင်ခဲ့ဖူးသူတွေများ ဖြစ်နေခဲ့တာလား--

Baekhyunဟာ လေပူတို့ကို ငြိမ်သက်စွာ မှုတ်ထုတ်လိုက်မိသည်

ကံတရားကရေးဆွဲနေတဲ့ Drama ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေလို 24 နှစ်ဆိုတဲ့ ဒီကောင်လေးဟာ 29 နှစ်ပြည့်တော့မယ့်သူကို ပထမဦးဆုံး မျက်လုံးချင်း ဆုံမိချိန်မှာ နာကျင်မှုတွေ ဖွင့်ပြောခဲ့သလိုထိုနာကျင်မှုတွေကနေ လွတ်မြောက်အောင် ကူညီပေးပါလို့ တောင်းဆိုခဲ့တာများလား

တစ်စက္ကန့်ဆိုသော ခဏတာ အကြည့်လေးဟာ တစ်ဖက်လူ၏ နှလုံးသားထဲသို့ ဘာကြောင့်များ စူးနစ်စွာ စိုက်ထိုးသွားရတာလဲ

ကာလကြာရှည်နေတဲ့ ခံစားချက်တစ်ခုကို ဘယ်သူုမှ မကြားနိုင်တဲ့ စကားတွေနဲ့ ပြောပြသွားခဲ့ခြင်းက ရင်အစုံကို လှိုက်မောနေစေသည်

Dream CafeHikayelerin yaşadığı yer. Şimdi keşfedin