Part-11

4.6K 544 6
                                    

မကြာခင် ဆိုင်လေးအတွင်း၌ Baekhyunဟာ မမျှော်လင့်သော ဧည့်သည် ရောက်လာလို့ ပြာယာခတ်နေသည်

ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ Baekhyunဟာ Chanyeol အတွက် မနက်စာငယ် ကော်ဖီပူလေးအား ခပ်မြန်မြန် စိတ်လှုပ်ရှားစွာ ပြင်ဆင်ပေးနေသည်

မီးအိမ်လဲ့လဲ့လေးအောက်မှ နက်မှောင်နေသော ဆိုင်ငယ်လေး၏ အပြင်ဘက် တစ်နေရာ၌ နှင်းစက်တို့ဟာ ဆန့်ကျင်စွာ တစ်စတစ်ပို၍ ဖွေးဖွေးလှုပ်လာသည်

Chanyeolဟာ မာဖလာတို့ကိုပင် မချွတ်ဘဲ ရောက်လာခဲ့သော မူလပုံစံအတိုင်းပင် ပုံမပျက် ထိုင်ကာ Baekhyunအား စောင့်ဆိုင်းနေ၏

ထို့နောက် သင်းပျံ့လာသော ကော်ဖီရနံ့လေးနှင့်အတူ အနားသို့ Baekhyun ရောက်လာသည်

"စားလိုက်ပါဦး"

Chanyeolအတွက် ပူပူနွေးနွေး ဖုတ်ပြီးကာစ ယိုစုံကိတ်လေးနှင့် ကော်ဖီတစ်ခွက်ဟာ အသင့်ဖြစ်နေသည်

ကိတ်မုန့်ဖဲ့ဖို့ ဇွန်းလေးတစ်ချောင်းအား Baekhyun က Chanyeol၏ အရှေ့၌ ပြင်ပေးခဲ့သည်

Chanyeolဟာ ထိုကိတ်မုန့်အား မစားဘဲ ငြိမ်ပြီး ထိုဇွန်းလေးကိုသာ ကြည့်နေမိ၏

မီးအလင်းရောင်ကို တုန့်ပြန်ရင်း လှုပ်ရှားနေသော ဇွန်းပြားလေးအားဟာ ယခုလက်ရှိ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ အတတ်ကြွဆုံးဖြစ်နေသည်

Baekhyunဟာ ဗန်းလေးကိုင်ပြီး Chanyeolရှေ့ရှိ ခုံ၌ ထိုင်လိုက်သည်

အခုထိ မိမိအား စကားတစ်ခွန်းတောင် မပြောသေးဘဲ ငြိမ်သက်နေသော Chanyeol ကို Baekhyunဟာ ငေးကြည့်နေသည်

အချိန်ကြာညောင်းလာသည် အထိ Chanyeolဟာ စကားမဆိုသေးပေ

Baekhyun၏ အသံတိုးတိုးတို့ဟာ တိတ်ဆိတ်မှုကို ဖျက်သိမ်းပေးရန် စတင်သည်

Baekhyunဟာ Chanyeol၏ မျက်နှာအား မကြည့်စွာ ခါင်းလေးငုံ့သွားကာ စကားစမိသည်

"ဟိုဟာ--"
"ဟိုတစ်နေ့က ကိစ္စအတွက် တောင်းပန်ပါတယ်"
"ပြီးတော့---"
"ကျေးဇူးတင်ပါတယ်"

Baekhyunဟာ အားနာစွာ Chanyeolကို ပြောသည်

"ထွက်ပြေးသလို ဖြစ်သွားမိတာ တောင်းပန်ပါတယ်.... ကျွန်တော့်ကြောင့် Chanyeolက မကောင်းတဲ့ပုံစံ ဖြစ်သွားခဲ့တယ် -- တတယ်ဆို ဖြေရှင်းမှုပေး ပေးခဲ့ရမှာ"

Dream CafeDonde viven las historias. Descúbrelo ahora