Lay ကြည်လင်သော မှန်နံရံပြင်ကို ဖောက်ပြီး အပြင်က နှင်းစက်တွေကို ကြည့်ရင်းး မတ်တပ်ရပ်နေတယ်
အနက်ရောင် ညမျက်နှာပြင်ကို အရာထင်စေဖို့ တစ်ဖွဲဖွဲ ကျဆင်းလာသော အဖြူရောင် နှင်းတွေဟာ သူတို့ကို နောက်ပြောင်နေသလား
ဖြူစင်သလိုလိုနဲ့ စွန်းထင်အောင် လုပ်နေခြင်းး အရာ--
မကောင်းသော အတိတ်နဲ့ ထပ်ပြီးး မကောင်းစ ပြုလာသော အရာ--
တည်ငြိမ်နေသော အရာကို တစ်ဖြည်းဖြည်း ပြောင်းလဲအောင် လုပ်ဆောင်နေသော အရာ--
သူတို့နှစ်ယောက်က အစကတည်းက မတွေ့ခဲ့သင့်ဘူးလို့ ထင်မိပေမယ့် ဘာလို့ စိတ်လှုပ်ရှားနေမိလဲ မသိဘူး
ပြန်မဆုံသင့်တဲ့ အရာတွေကို ပြန်ဆုံအောင် ဖန်တီးဖို့များ ကလေး နှစ်ယောက်မှာ ကံကြမ္မာပါလာလေ သလား
Lay စိတ်မကောင်းစွာ တွေးရင်း စားပွဲခုံပေါ်က ဖန်ခွက်အကြည်လေးကို လက်နဲ့ ကိုင်ပြီးး ငြိမ်သက်နေမိတယ်
"Hyung~~"
ရုတ်တရက် အသံကြားလို့ Lay လှည့်ကြည့်လိုက်တယ်
အခန်းထဲ ဝင်လာသော လူနှစ်ယောက်--
Luhan Lay ကို လှမ်းပြောလိုက်တယ်
"Chen Hyung လာတယ်"
"omm"
Luhan တံခါးလေး ဖွင့်ပေးလိုက်ပြီး အပြင်ထွက်သွားတယ်
နောက်တော့ Chen ရောက်လာတယ်
Chen က အထဲမဝင်ခင် အနည်းငယ် စဉ်းစားနေသည့်ပုံ--
Lay လှမ်းပြုံးပြလိုက်တယ်
×××××
"Chanyeol က ဘယ်လိုဖြစ်တာလဲ"
Chen ရှေ့က ဖန်ခွက်လေးထဲကို ပူနွေးနေသော လက်ဖက်နံ့ပါသည့် အရည်စိမ်းစိမ်းလေးတွေ ရေနွေးအိုးလေးထဲကနေ Lay ငှဲ့ပေးလိုက်တယ်