part-32

3.2K 351 3
                                    

ငါ--
ငယ်​ငယ်​တုန်းကတည်းက အကျင့်​တစ်​ခု ရှိခဲ့တယ်

ဘယ်​သူမှ မသိတဲ့ ​ဝေဒနာ​လေး တစ်​ခု---

သူရဲ့ လက်​​အောက်​က နှလုံးသား​လေးဟာ နုနယ်​တယ်

အခုလို သူလက်​​တွေနဲ့ ဆုပ်​ကိုင်​ထားရ​သော သူ့ရဲ့ နှလုံးသား​လေးဟာ ခံစားလွယ်​တယ်

အခြားလူရဲ့ နာကျင်​စရာ​တွေကို အလွယ်​တကူ သိနိုင်​တယ်

ပြောမပြရဘဲ ထိုအရာဟာ သူ့ဆီမှာ အကူညီ​တောင်းခံ​နေရသလို ​အချိန်​တိုင်း ​တွေး​နေမိတယ်

ကိုယ့်​ကို ကိုယ်​ ဘာဖြစ်​​နေမှန်းမသိ​ဘဲ အလိုလို ​သိမ်​ငယ်​နေမိတယ်

ထိုလူလိုပဲ သူပါလိုက်​ပြီး အ​ဝေးက​နေ နာကျင်​လာတတ်​တယ်

အသက်​ရှစ်​နှစ်​မှာ Sehun မိဘ​တွေဆီကရတဲ့ အ​မွေတစ်​ချို့အတွက်​ မြို့နဲ့ အ​ဝေးဆုံး တစ်​​နေရာကို သူထွက်​သွားကြတယ်

တောက ​နေရာဖြစ်​​နေ​ပေမယ့်​ သူ့ရဲ့ အစ်​ကို ဟာ သူ့အတွက်​သ​ဘောကျ​နေခဲ့တယ်

အဖြူ​ရောင်​ နို့ဘူး​လေး ကိုင်​ထားတဲ့ Sehun ​လေးကို ​ခေါ်ပြီး သူတို့ထွက်​သွားချိန်​မှာ နှင်း​တွေနဲ့ ခရစ်​စမတ်​​ခေါင်း​လောင်း​လေး​တွေ မြည်​​နေတယ်

The Star ဆိုတဲ့ သီချင်း​လေးကို မထင်​မှတ်​​သော သူ့အတွက်​ ကမ်းလှမ်းလာ​သော ခင်​မင်​မှု​လေးြောင့်​ သ​ဘောကျစွာ ​နောက်​ဆုံးအကြိမ်​ ညည်းဆိုပြီး သူ​ပျော်​ရွှင်​ခဲ့ဖူးတယ်

သူစိမ်းတစ်​​ယောက်​နဲ့ ပထမဆုံးအကြိမ်​ အတူရှိရတဲ့ အရသာ​လေးကို သူသ​ဘောကျခဲ့တယ်

သူ့ရဲ့ ပတ်​ဝန်းကျင်​ဟာ အဝါ​ရောင်​ မီးလုံး​လေး​တွေနဲ့ လှပ​နေပြီး အနက်​​ရောင်​ Piano သံစဉ်​​တွေအတိုင်း ချိုမြိန်​​နေတဲ့ သူ့အသံ​လေးကို သူပြန်​ကြားခဲ့ရတယ်

"​လူ​တွေနဲ့ ​ဝေး​ဝေး​နေပါ"
"သူငယ်​ချင်း မထားပါနဲ့ဦး Baekhyun"
"​နောက်​ကျမှ Hyung ရှာ​ပေးပါ့မယ်​" ဆိုလို့---

တစ်​​ယောက်​တည်း​နေခဲ့ရတဲ့ သူရဲ့ အဖြူ​ရောင်​​နေ့ရက်​​လေး​တွေမှာ အထီးကျန်​ခြင်းကို သူမသိခဲ့ပါဘူး

Dream CafeWhere stories live. Discover now