Part-8

5.3K 554 1
                                    

Suhoဟာ Baekhyunရှိရာ ကော်ဖီဆိုင်ကို မသွားတော့ဘဲ အလုပ်သို့လာခဲ့သည်

Chanyeolဟာ Suhoရောက်သည့်နှင့် အလုပ်စချိန် အချိန်​ကိုက်​ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီးနောက်​ အားလုံးကို ရိုကျိုးစွာ နူတ်ဆက်၏

"ကျွန်တော့်ကြောင့် အားလုံး နှောင့်နှေးးသွားတာ.. တောင်းပန်ပါတယ်"

"arr~~ ရပါတယ်​~~"

ယခင်နေ့တွေက Chanyeolအား မကောင်းသတင်းဆိုခဲ့သော ထိုသူတို့ဟာ ဒီနေ့မှာ မေတ္တာရှင်ကြီးများ ဖြစ်နေကြပြန်သည်

Suhoဟာ ကင်မရာကို ပြင်ဆင်ရင်းသာ ကြုံသလိုပင်ပြန်လည်နူတ်ဆက်ရင်း မသိချင်ယောင်ဆောင်နေလိုက်၏

"jaaa!!
"စကြစို့"

Suhoဆီမှ ထွက်ပေါ်လာသော အသံတစ်ခုနှင့် အတူ အားလုံး အလုပ်စလိုက်ကြ၏

×××××

"ခေါင်းလေးး ဟိုဘက်နည်းနည်း လှည့်--- ဟုတ်​ပြီ-- ကောင်းတယ်​"

Suho ညွှန်​ကြားသည့်​အတိုင်း ကောင်းမွန်စွာ လုပ်ဆောင်ရင်း Chanyeolဟာ Suhoလိုချင်သော Sense တွေကို ဖန်တီးပေးနေ၏

"ဟုတ်ပြီ"

Video အပိုင်းတွေနဲ့ ကြော်ငြာ Photo တွေအတွက်ဟာ အရင်ပြင်ဆင်ပြီးသားတွေ ရှိနေတာမို့ လိုအပ်ချက်တွေ သိပ်မရှိဘဲနဲ့ အားလုံးဟာ အလျင်​အမြန်​ ပြီးဆုံးသွားကြ၏

ခံစားချက်တွေကို အသက်ဝင်အောင် ဖန်တီးပေးခဲ့ပြီး နောက်​ သူတို့နှစ်ယောက် ရင်းနှီးခဲ့ကြသည်

"ကျေးဇူးတင်ပါတယ် Suho Hyung"

"arr--"
"ရပါတယ်"

"မှားတာ ရှိရင် သင်ပြပေးပါဦး Hyung~~" ဆိုပြီး Chanyeol ဟာ Suhoအား ကော်​ဖီဘူးလေး လှမ်းပေးပြီး ချိုသာစွာ စကားစပြောခဲ့၏

ရိုက်ကွင်းတစ်ခုလုံး ပြုံးရွှင်နေပြီး Chanyeol ဟာ အမှန်တကယ် သန့်စင်သော လူငယ်လေးသဖွယ် အလုပ်တွေကို ကျေပွန်စွာ လုပ်ဆောင်ပေးခဲ့သည်

ဟိုတစ်​နေ့က TVပေါ်ရှိ ကိစ္စနှင့်​ ပက်​သက်​ပြီး မည်​သူမှ မဟကြပါ

ထူးခြားချက်လေးးတစ်ခု သတိထားမိတာက Chanyeolဟာ သူနဲ့ မသိသေးသူတွေကို လက်လေးနှစ်ဖက် ဆုပ်ကိုင်ပြီး အားနာဖွယ် ကောင်းလောက်အောင် ရိုသေစွာ နူတ်ဆက်တတ်၏

Dream CafeWhere stories live. Discover now