part-56

2.2K 328 21
                                    

"arr~~
"တစ်​ကိုယ်​လုံး ကိုင်​ရိုက်​ထားသလိုပဲ
"ဘာလို့နာ​နေတာလဲ မသိဘူး

Chanyeol အ​ပေါ်တတ်​လာ​တော့ Chen အ​နောက်​က လိုက်​လာတယ်

"Chanyeol~!!"

Chen ချက်​ချင်းပဲ Chanyeol အခန်းထဲ ​ပြေးဝင်​လိုက်​မိတယ်

"Chanyeol~~~
"ငါ့ကို ​သေ​သေချာချာ ပြန်​​ပြောပြ!!!
"Baekhyun နဲ့ ဘာဖြစ်​ခဲ့​​သေး-- ar--!!"

Chen အခန်းတံခါး​လေး ကိုင်​ပြီး ရပ်​သွားမိတယ်

အ​ပေါ်အကျီ ကျွတ်​နဲ့ Chanyeol --

ထိုChanyeol ဟာ ဒဏ်​ရာ​တွေနဲ့ ပြည့်​​နေတယ်

တစ်​စုံ တစ်​​ယောက်​နဲ့ ချစ်​ရည်​လူးခဲ့​သော အမှတ်​ သ​င်္ကေတ​တွေဟာ Dictionary လှန်​စရာမလိုဘဲ တန်းသိနိုင်​တယ်

Chanyeol ဟာ မှန်​​ရှေ့မှာ မတ်​တပ်​ရပ်​ပြီး သူခန္ဓာကိုယ်​ကို ​သေချာကြည့်​​ပြီး အံ့အားသင့်​​နေတယ်

အ--
အနီ​ရောင်​ -- အစင်း​ကြောင်း​တွေ

ထိတ်​လန့်​​နေ​သော Chanyeol~~~~~

ဆိုင်​မှာတုန်းက မရှိပါဘူး!!--

ဒါမှမဟုတ်​ အကျီ အမြန်​​ကောက်​စွပ်​လိုက်​လို့ သူ မမြင်​ခဲ့မိတာလား---

ထိုကုပ်​ဖဲ့ထား​သော ဒဏ်​ရာ​တွေဟာ အလွန်​နာ​နေတယ်

ထိုဒဏ်​ရာ​တွေဟာ ဘယ်​ကလဲ!!
ထိုအနီ​ရောင်​​ ကုပ်​ရာ​တွေက ဘာ​တွေလဲ!!

သွေးခပ်​စို့စို့ လက်​သည်းဖျား​လေးများ၏ ကုပ်​ခြစ်​ရာ​တွေ​ကို မြင်​လိုက်​ရတာ​ကြောင့်​ Chen ဟာ အခန်း​ရှေ့မှာ ​ကျောက်​ရုပ်​တစ်​ခုလို မင်​သက်​​နေတယ်

"Chen ဘာဖြစ်​လို့လဲ!!"

Xiumin အ​နောက်​က ​လိုက်​လာတယ်

Xiumin Chanyeol ကို လှမ်းကြည့်​လိုက်​မိတယ်

"ငါတို့​တော့ အသတ်​ခံရ​တော့မယ်​ ထင်​တယ်​~~
"Xiumin~~

Chen ငြိမ်​သက်​စွာ ​ပြောလိုက်​တယ်

Chanyeol မျက်​လုံးတို့ ပြူးကာ မှန်​ထဲက သူကို ကြည့်​​နေရာက​နေ Chen ကို ပြန်​လှည့်​ကြည့်​လိုက်​မိတယ်

Dream CafeNơi câu chuyện tồn tại. Hãy khám phá bây giờ