Part-10

4.6K 534 8
                                    

chanyeolဟာ ဇာတ်ညွှန်း ဖတ်ရင်း ကိတ်မုန့်ဘူးထဲက ယူထားသော card လေးကို ကြည့်နေသည်

မနက်ခင်း အလုပ်ရောက်တော့ အားလုံး စားသောက်ပြီးချိန် Suho က Chanyeol၏အနားသို့ လာထိုင်၏

Chanyeolဟာ လက်ထဲရှိ ကြည့်လတ်စ ကတ်ပြားလေးကို ဖွက်ပြီး ပြုံးပြလိုက်သည်

Suhoဟာ မေး၏

"ဇာတ်ညွှန်းဖတ်နေတုန်းလား"

"inm"

Suho ဟာ စားပွဲပေါ် ဘူးလေး တစ်ဘူး တင်လိုက်သည်

Chanyeol ကြည့်လိုက်မိတယ်

မနက်က သူဆီလာပို့သွားသည့် cake ဘူးခွံနှင့် ပုံစံတူ အသေးလေးဖြစ်သည်

ဒါပေမယ့် အထဲက မုန့်ကတော့ မတူပါ

Suho ဟာ အထဲက ကိတ်မုန့်တုံးလေးကို ကော်ဖီတစ်ခွက်နဲ့ စိန်ပြေနပြေဝါးရင်း ဇာတ်ညွှန်းတွေကို လှန်နေသည်

Chanyeolကို သတိပြုမိလိုက်တော့ Chanyeolက မိမိစားနေသည့် ကိတ်မုန့်ဘူး အခွံလေးကို စိတ်ဝင်တစား စိုက်ကြည့်နေ၏

"arr--"

Suho အားနာသွားသည်
သူတစ်ယောက်တည်း အလိုက်မသိ စားနေမိ၏

××××

Chanyeol အနားကို ရွေ့လာသော ကိတ်မုန့်ကို ကြည့်လိုက်မိတယ်

Chanyeolဟာ အတွေးများနှင့် ငြိမ်နေမိရာက ပြန်မော့ကြည့်လိုက်သည်

Suhoဟာ ပန်းကန်ရှေ့တိုးပေးနေသည်

"စားကြည့်ပါလား
"ဒီမုန့်က ကြက်ဥနဲ့ လုပ်ထားတာ
"မနေ့ကမှ ဆေးရုံက ဆင်းလာတာ ထင်တယ်

"onm"

"အရမ်း အာရုံ မစိုက်ပါနဲ့"
"သက်သက်သာသာနေပါ"
"အလုပ်တွေ အရမ်းမလုပ်လည်း ရပါတယ်

"ဟုတ်ကဲ့"

နောက်တော့ Suhoဟာ ထသွားသည်

Chanyeolဟာ Suho၏ ကျောပြင်အား လှမ်းကြည့်နေမိ၏

Suhoဟာ အခန်း ပြင်ဆင်ပုံတွေကို လိုက်လံကြည့်ရှုကာ ညွှန်ကြားနေသည်

Chanyeolဟာ ပန်းကန်ထဲက ကိတ်မုန့်လေးကိုပြန် လှည့်ကြည့်လိုက်၏

Suho ပြန်ရောက်လာသောအခါ Chanyeol မရှိတော့ပါ

ကိတ်မုန့်လေးဟာ တစ်ဝက်ကျိုးနေ၏

Dream CafeOù les histoires vivent. Découvrez maintenant