part-57

1.7K 287 13
                                    

"Suho Hyung ပြန်​လာပြီ~~"

Suho ကား​လေး ခြံထဲဝင်​လာတာမြင်​​တော့ Sehun အိမ်​အထဲ ပြန်​​ပြေးဝင်​သွားတာ မြင်​လိုက်​ရတယ်

Suho ကာပါကင်​ထိုးပြီး ကားLog ပိတ်​ကာ အိမ်​ထဲဝင်​လာခဲ့တယ်

အေးချမ်း​နေ​သော သူ့ရဲ့ အချိန်​နာရီ​တွေကို ဖျက်​ဆီးဖို့ ကြိုးစား​နေ​သော Byun Baekhyun~~

အဲ့ဒီလို ဖြစ်​လာဖို့ ခွင့်​မပြုနိုင်​ဘူး~~

Suho အိမ်​ထဲဝင်​ခါနီး ငြိမ်​သက်​​နေမိတယ်

Suho မတ်​တပ်​ရပ်​ကာ အ​နောက်​ပြန်​လှည့်​ကာ အသက်​ ဝ ​အောင်​ ရှုလိုက်​တယ်

ထို့​နောက်​မှ သူအိမ်​ထဲ ဝင်​သွားလိုက်​တယ်

×××××

"​ဒေါက်​ ​ဒေါက်​~~"

Suho အခန်းတံခါး​ခေါက်​လိုက်​တယ်

Baekhyun ဆက်​ခနဲ လှဲအိပ်​​နေရာက ထထိုင်​လိုက်​တယ်

Suho အခန်းတံခါး​လေးဖွင့်​ပြီး အထဲ ဝင်​လာတယ်

Baekhyun ​ခေါင်းအုံး​လေးပိုက်​ပြီး အ​မှောင်​ထဲက​နေ ပြန်​ကြည့်​​နေမိတယ်

Suho က ချည်​သားနဲ့ ယက်​လုပ်​ထား​သော ညဝတ်​အကျီ အပြာ​ရောင်​ လက်​တိုကို ဝတ်​ထားတယ်

ပေါ့ပါး​ပြီး အိပ်​ခါနီး သန့်​စင်​ထား​သော သဘာဝ မျက်​နှာပြင်​နှင့်​ မျက်​လုံး​တွေက​တော့ အနည်းငယ်​ညှိုးနွမ်း​နေတယ်

Suho က မီးမဖွင့်​ဘဲ Baekhyun ကို ကြည်​လင်​စွာ ပြုံးပြပြီး အနားကို ​လျှောက်​လာတယ်

"အိပ်​ပြီလား:::"

"On-- မအိပ်​​သေး-- a-- အိပ်​​တော့မလို့ပါ-- အခု"

စကားတို့ ထစ်​အ​ ​နေ​သော Baekhyun အနားမှာ Suho ထိုင်​လိုက်​တယ်

"အတူတူ အိပ်​ကြမလား"

"on!"

Baekhyun ​ကြောင်​​တောင်​​ ​တောင်​​လေး ပြန်​ကြည့်​​နေမိတယ်

Suho က သူ့ဟာ သူ​စောင်​ခြုံပြီး အသာ​လျောကာ အနားမှာ လဲ​လျောင်းလိုက်​တယ်

Dream CafeWhere stories live. Discover now