part-12

4.7K 521 4
                                    

"ရပါပြီ"

Sehunဟာ ကော်ဖီခွက်တွေ တစ်ဘူး တစ်ဘူး ထုပ်ပေးရင်း ဆိုင်သို့လာရောင်အားပေးကြသည့် နူတ်ခမ်းနီမလေးတွေကို ဆွဲဆောင်နေသည်

အလုပ်များနေပြီး အရှုပ်ထွေးဆုံး မနက်ခင်း၌ အချိန်ပိုင်း အလုပ်သမားများနှင့်အတူ Sehunဟာ တစ်ယောက် ကော်ဖီဆိုင်ထဲ၌ ပြေးလွှားနေသည်

မနက်ခင်း အဆုံးမှာတော့ လူကျဲသွားသလို သက်သာသွားတတ်သည်

Sehunဟာ ကောင်တာပေါ်မှ ကော်ဖီခွက်လေးအား ရှေ့တိုးပေးလိုက်သောအခါ ကောင်မလေး တစ်ယောက်ဟာ ထိုင်ခုံမှထကာ ပြေးပြီး လာယူသည်

ချစ်စရာလည်းကောင်းပြီး နောက်ထပ် တစ်ခုခု အလိုရှိနေသေးပုံလည်း ရှိလှ၏

Sehunဟာ ကော်ဖီခွက်ယူပြီး ထိုမိန်းခလေး ထွက်မသွားသေးသည်ကို သတိထားမိလိုက်လိုက်မိသည်

"arr--"
"ဘာအလိုရှိလို့ပါလဲ"

"ဟိုဟာ--"
"ဒီမှာ မနေ့က တွေ့တဲ့ Oppa မလာဘူးလား"

"အယ်.. ဘယ်သူ..."

"arr.. အရပ်က ဒီလောက်လောက်~~"

ျကောက်မလေးက လက်ကလေးနဲ့ အရပ်၏ဟန်အား Sehunကိုပြ၏

"မျက်နှာသေးသေး လက်ချောင်းလှလှလေးတွေနဲ့ Oppa~~"

Sehunဟာ ရယ်လိုက်သည်

"arr... Baekhyun Hyung ကို ပြောတာ ထင်တယ်"

ကလေးမဟာ ဝမ်းသာသွား၏

"onm"
"ဟုတ်တယ်"

"သူက ဒီအချိန်ဆို မရှိဘူး"
"နေ့ခင်းနဲ့ ညဘက်တွေပဲ ရှိတယ်"
"တွေ့ချင်ရင် နေ့ခင်းပြန်လာခဲ့"

"ဟင်~~~~ဟုတ်လား"

ကလေးမဟာ စိတ်ဓာတ်ကျသွားဟန်ရသည်

"ညီမက သူ့ကိုတွေ့ချင်လို့ မနက်ကတည်းက လာစောင့်နေတာ... ဒါဆို သူတစ်နေ့လုံး ရှိမှာပေါ့နော်"

"inm"
"သူ့ကို တွေ့ချင်ရင် နေ့လည်လောက် ပြန်လာခဲ့ပါ"

"ဟုတ်ကဲ့ပါ~~~~"

×××××

Sehun တံခါးလေးဖွင့်ပြီး Baekhyunကို နှိုးမလို့လုပ်လိုက်တယ်

Baekhyun က နိုးနှင့်နေပြီ

"Hyung-- arr~~"
"နိုးနေပြီလား"

Dream CafeDonde viven las historias. Descúbrelo ahora