part-67

2.2K 375 17
                                    

"Hyung~~!!!"

Chanyeol မျက်​လုံးတို့ ပြာ​ဝေကာ မြင်​မြင်​သမျှ Baekhyun အမှတ်​နဲ့ လိုက်​ဆွဲ ကြည့်​​နေမိတယ်

မြို့ထဲ ကားလမ်း ပတ်​လည်​ Chanyeol ရှာ​နေမိပါပြီ

"Hyung ပြန်​လာပါ:::"

ကျန်းမာ​ရေး ချို့ယွင်းချက်​များနှင့်​ အတူ ကစဉ့်​ကလျား ဖြစ်​​နေ​သော ခံစားချက်​များ​ကြောင့်​ Chanyeol ရဲ့ ရင်​အစုံဟာ ​မောပန်း​နေမိတယ်

နှုတ်​ဖျားတို့ဟာလည်း ​သွေး​ရောင်​မဲ့စွာ အ​ရောင်​အဆင်းကင်း​နေပြီး ​ဆောင်းတွင်း အ​အေးဒဏ်​ကြားမှာ Chanyeol ​ချွေးတို့ စို​နေတယ်

Suho နဲ့ Sehun လည်း တစ်​ကွဲ တပြားစီ ဖြစ်​ကာ ညနက်​နက်​၏ အ​မှောင်​​နေရာနှင့်​ အလင်းပြင်​ကျယ်​ထဲမှာ ​မောပမ်းစွာ ​ပြေးလွှား​နေခဲ့တယ်

လှုပ်​ရှား​နေ​သော တစ်​​လောကလုံးမှာ မထင်​မှတ်​ဘဲ ​ပျောက်​ဆုံးသွားသူ​လေး

ဘယ်​ဆီကိုများ ​ရောက်​သွား​လေ သလဲ

×××××

Chanyeol ​မောပန်းစွာနဲ့ လမ်းမ​ပေါ်မှာ မတ်​တပ်​ရပ်​ပြီး အသက်​ရှုလိုက်​တယ်

"ah~~

"ah~~

သူ ဘယ်​ကို ​ရောက်​သွားတာလဲ---

"ah~~

"​ah~~

Chanyeol လမ်းမ အလယ်​မှာ ဟိုကြည့်​ ဒီကြည့်​နဲ့ ​ချွေးဒီး ဒီးကျပြီး Baekhyun ကို ​မြင်​​လေမလား လိုက်​ကြည့်​​နေတယ်

ကျေးဇူးပြုပြီး ပုန်းမ​နေပါနဲ့​တော့ Hyung::::

Chanyeol ​ခြေကုန်​ လက်​ပန်းကျကာ အနီးအနားမှာ ထပ်​ပြီး ရှာလိုက်​မိ​သေးတယ်

အနားမှာ ရှိ​နေရင်​လည်း ထွက်​လာပါ​တော့:::

Chanyeol ​ချွေး​တွေနဲ့ ​ရော​နေ​သော မျက်​ရည်​​တွေကို လက်​ခုံနဲ့ ဆွဲသုတ်​လိုက်​တယ်

လေးလံ​နေ​သော ​ခြေ​ထောက်​​တွေနဲ့ Baekhyun ရှိမယ်​ ထင်​တဲ့ လမ်းမ​တွေ​ပေါ် မီး​ရောင်​တဖြတ်​ ဖြတ်​​တွေကြားမှာ Chanyeol ​ရှေ့ဆက်​​ပြေးလာခဲ့တယ်

Dream CafeWhere stories live. Discover now