part-65

2.2K 327 14
                                    

Chanyeol အိပ်​ယာနိုးလာတယ်

နွေးပြီး အိစက်​ညက်​​ညော​သော အထိ​တွေ့ တစ်​ခုကို သူဖိထားမိတယ်

Chanyeol အိပ်​မှုံစုံမွှားနဲ့ မျက်​လုံး ဖွင့်​ကြည့်​လိုက်​​တော့ Baekhyun ဟာ သူ့​အောက်​မှာ ပက်​လက်​​လေးငြိမ်​​နေတယ်

Chanyeol ချက်​ချင်း ကုန်းထလိုက်​မိတယ်

"Hyung:::"

Baekhyun က လှုပ်​ရှားခြင်းမရှိဘဲ ​နေ​ရောင်​​အောက်​က ကိုယ်​ဗလာအတိုင်း ငြိမ်​​နေဆဲပင်

Baekhyun ဟာ Chanyeol ကို မကြည့်​ဘဲ အပြင်​ဘက်​ ​နေ​ရောင်​လာရာ ​ကောင်းကင်​ကိုသာ ကြည့်​​နေတယ်

"Hyung~~

Chanyeol ​ဘေးနားက​နေ စိတ်​လှုပ်​ရှားစွာ ကြည့်​​နေမိတယ်

လှုပ်​ရှား​နေ​သော လူသံများနှင့်​ ရှုပ်​ပွ စုတ်​ပြတ်​​နေ​သော သူ့တို့ရဲ့ အခန်းကျဉ်း​လေး

Baekhyun ပက်​လက်​​ အ​နေအထားက​နေ ​ဘေး​စောင်းလှဲကာ ထထိုင်​လိုက်​တယ်

အဖြူ​ရောင်​ အသားအ​ရေနှင့်​ ​သေးငယ်​​သော ခန္ဓာကိုယ်

စုတ်​ပွ​နေ​သော ဆံပင်​များနှင့်​ အားအင်​တို့ စုတ်​ယူခံထားရသလို စိတ်​ဓာတ်​ကျစွာ ငြိမ်​​နေ​သော မျက်​ဝန်းး

Baekhyun ဟာ ကုတင်​​ထောင့်​​လေးမှာ Chanyeol ကိုလည်း စကားမ​ပြော​တော့ဘဲ ​အောက်​ကို ငိုက်​ပြီး ငြိမ်​​နေတယ်

အားနည်း​နေ​သော အသွင်​နှင့်​ ပန်းနု​ရောင်​​လေး သန်း​နေ​သော နှုတ်​ခမ်း ဖြူဖြူ​လေးကို Chanyeol မြင်​​နေရတယ်

"အိပ်​​ရေး ဝ ရဲ့လား"

Baekhyun က သူ့ကို တစ်​ခွန်းတည်း​သော စကားငယ်​အား ​မေးခဲ့တယ်

"မင်း အိပ်​​ရေး ဝ ရင်​-- ငါ ​အောက်​ဆင်း​တော့မယ်​--"
"အလုပ်​ လုပ်​ရဦးမယ်​--"

Baekhyun ဖြည်းညင်းစွာ တစ်​ဖက်​လှည့်​ပြီး ကုတင်​​အောက်​က သူ့အကျီကို လက်​​ချောင်း​လေး​တွေနဲ့ စမ်းလိုက်​တယ်

Chanyeol ကြည့်​​နေမိတယ်

နေ​ရောင်​​အောက်​က အကျီဖြူ​လွှလွှ​လေးကို Baekhyun မမှီမကမ်း ဖြည်းညင်းစွာ လှမ်းဆွဲ​နေတယ်

Dream CafeWhere stories live. Discover now