ဒီနှစ်မှာ အစကောင်းအောင် စခဲ့ပြန်ပါပြီ။ ဒီတစ်ပုဒ်ကိုရေးဖို့ တကယ်ကြီးစိတ်လှုပ်ရှားမိပြန်
ပါတယ်။ ကြောက်လည်းကြောက်ပါတယ်
ဘာလို့ဆို အကြီးအကျယ်စိတ်ကူးယဉ်ထားလို့ပါ
ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေး
တစ်ယောက်က ကိုယ့်ကို ယောင်္ကျားလေးချင်း
အသည်းအသန်လာကြိုက်နေရင် Straightတစ်
ယောက်အနေနဲ့ အကြီးတစ်ယောက်အနေနဲ့ဘာ
တွေဖြစ်လာနိုင်မလဲ?
နောက်ပြီး မလွဲသာမရှောင်သာ နီးစပ်နေရတဲ့ အခါ Straightတစ်ယောက်ကရော ကိုယ်နဲ့
အတူတူမတူခြားနားတဲ့ တစ်ဖက်လူအပေါ် တိမ်း
ညွှတ်လာနိုင်လား?
ဒီ တိမ်းညွှတ်မှုက အနေနီးလို့လား? တကယ်ကြီး
ရော ချစ်မိသွားတာမျိုး မရှိနိုင်ဘူးလား?
ဒီလူ့လောက မှာ တရားသေ ပြောလို့မရဘူးဆို
တာမျိုးကို လက်ခံထားသူတစ်ယောက်အနေနဲ့
ဘက်ပေါင်းစုံက လှည့်လည်ပြီးတွေးကြည့်ထား
တာတွေ ပါဝင်မှာပါ။
ဒီတစ်ပုဒ်မှာအစီအစဉ်Planတွေ Plotတွေ
အသာချထားတယ်။ ဇာတ်ကောင်တွေကို လုံးဝ
မချုပ်ချယ်ပဲ လွှတ်ထားပြီး အဲ့အချိန်ဖြစ်ပေါ်နေ
လောက်တဲ့ စိတ်ခံစားချက်အတိုင်းပဲ သွားကြည့်
ချင်တယ်။
ဘာလုပ်လုပ် Planဆွဲပြီးမှ လုပ်တတ်သူတစ်
ယောက်အတွက် PRO ကတော့ စိမ်ခေါ်မှု
တစ်ရပ်ပါပဲ...
ဇာတ်ကောင်တွေကို မခံစားခိုင်းပါဘူး။ ဇတ်ကောင်တွေကပဲ ကိုယ့်ကို ဆွဲခေါ်သွားမှာ
ဖြစ်တဲ့ အတွက် တကယ်ကြီးစိတ်လှုပ်ရှားနေပါ
တယ်။ သူတို့ ကိုယ့်ကို ဘယ်အထိ ဆွဲခေါ်သွား
မလဲပေါ့...အားလုံးလည်း စိတ်လှုပ်ရှားမယ်ထင်ပါတယ်။
အကြီးအကျယ်စိတ်ကူးယဉ်တယ်လို့ ပြောခဲ့တယ်
နော်။ ဟုတ်ပါတယ် မြန်မာနိုင်ငံမှာ သိပ်လှတဲ့ BL
ကားလေးတစ်ကား ပေါ်လာစေချင်တဲ့ ကိုယ့်
စိတ်ကူးယဉ်မှုကြီးကြီးနဲ့ "ညီ" ကို ရုပ်ရှင်ပြန်
ရိုက်ကြည့်ပါမယ်။နေကောင်းမြတ်သူ ဆိုတဲ့ ကောင်လေးနေရာမှာ
ဘယ်လို ကောင်လေးမျိုး ဝင်လာနိုင်လဲ?
ဇိုင်းဇက် Role ကို ယူရမယ့် ကောင်လေးကရော
တကယ်ပဲ ကိုဇက် လောက် ချစ်တတ်ပါရဲ့လား?
"ညီ" ရယ် လို့ နူးနူးညံ့ညံ့ခေါ်တတ်ပါ့မလား?
နေကောင်းဘာလုပ်လုပ် မြတ်မြတ်နိုးနိုး ငေးစိုက်
ကြည့်နေနိုင်တတ်သလို သူရော ငေးကြည့်တတ်
ပါ့မလား?
စိတ်လှုပ်ရှားစရာပါပဲနော်။

ESTÁS LEYENDO
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?