Chapter - 12

4K 278 5
                                    

ကျွန်တော် ကလေးကို ခပ်တင်းတင်းဆွဲဖက်လိုက်တော့ ကျွန်တော့်ရင်ခွင်ထဲက ကလေးက တအင်းအင်းနဲ့ရုန်းနေလေရဲ့။

ကလေးရယ်..ပြောပြချင်လိုက်တာ..
ကလေးကိုသိပ်ချစ်တဲ့အကြောင်းတွေ..
ကလေးမျက်နှာလေးညှိုးသွားရင်တောင် ပြာပြာသလဲဖြစ်ခဲ့တဲ့ကိုယ့်ရဲ့အကြောင်းတွေ..

ကျန်းမာရေးသိပ်ချုချာတဲ့ ကလေးကို အဝေးမှာပစ်ထားဖို့ကိုယ်စိတ်မချတဲ့အကြောင်းတွေ..
ကလေးမိန်းကလေးတစ်ယောကိကိုချစ်မိသွားမှာသိပ်စိုးရိမ်ပြီးလိုက်ကာကွယ်နေတဲ့ကိုယ့်ရဲ့ အရူးအမူးဇာတ်လမ်းတွေ..

ကလေးက ရာမ မင်းသားဆို..ကလေးကိုတမ်းတမ်းစွဲနေတဲ့မိန်းမလှလေးတွေက မယ်သီတာပေါ့..
ကြားကကိုယ်က ဒသဂီရိလုပ်ပြီး..ကလေးနဲ့ဘယ်သူမှမနီးစပ်အောင်ကြိုးစားခဲ့တဲ့အကြောင်းတွေ..

ကိုယ်ယောကျာ်းရင့်မာကြီးဖြစ်လျက်နဲ့သဝန်တိုတတ်အောင်..
ကလေးကသင်ပေးခဲ့တယ်..
ကလေးကိုချစ်ခဲ့မိတာ...ကိုယ့်အမှားတခုသာဆို
အဲ့ဒီအမှားကို ကိုယ်ပြန်မပြင်ပဲ တစ်သက်လုံးသိမ်းထားမိတော့မှာ..

ကိုယ့်အချစ်တွေကလေးရိပ်မိသွားလို့..ကိုယ့်အဝေးမှာနေချင်တယ်ဆို..
တားပိုင်ခွင့်ဆိုတာ..ကိုယ့်ဆီမှာမှမရှိခဲ့တာလေ။

မိဘအသိုင်းအဝိုင်း အဘက်ဘက်ကစဉ်းစားရင်မဖြစ်နိုင်တဲ့အချစ်တခုကို..
ကလေးသိအောင် ကိုယ်ဘယ်လိုထုတ်ဖော်ရက်ပါ့မလဲ။

ဘယ်လိုမှမဆုံစည်းနိုင်တဲ့ကံကြမ္မာတွေ..
မချစ်သင့်တဲ့ချစ်ခြင်းတွေ..
ဝေးကွာခြင်းရဲ့ အရိပ်အယောင်တွေ..
အားလုံးကို ကိုယ်တွေ့နေရပါလျက်နဲ့..
အဝေးကလှမ်းကြည့်ရုံနဲ့မကျေနပ်ပဲ..
ခံစားချက်တွေနောက်ကို..
ကိုယ်လိုက်ပါသွားမိတယ်။

သတိရလို့ရုန်းထွက်မိတော့..
ကလေးကိုချစ်တဲ့ကိုယ့်အချစ်တွေကြားမှာ..
ကိုယ်ဟာ စုန်းစုန်းမြုပ်နေခဲ့ပြီလေ။

အချစ်မှာမျက်စိမပါဘူးလို့..
တချို့ကပြောကြတယ်..
ကိုယ့်အချစ်ကတော့ မျက်စိပါလျက်နဲ့..
ကန်းချင်ယောင်ဆောင်နေတဲ့အချစ်..

ကလေးကိုဆုံးရှုံးရမယ်..
ဝေးကွာသွားရမယ်ဆိုတာလည်း..
ကြိုသိနေခဲ့ပါတယ်..ကိုယ်မသိခဲ့တာက..
အဲ့ဒီအချိန်က ကိုယ်ထင်ထားတာထက်..
မြန်မြန်ဆန်ဆန်..မမျှော်လင့်ဘဲရောက်လာခဲ့မယ်ဆိုတာပါပဲ။

If your love isn't for me..?Where stories live. Discover now