မိုးတွင်းကာလကို တဖြည်းဖြည်းဝင်လာတာနဲ့အမျှ တိမ်ညိုတိမ်မဲတွေရယ် မနားတမ်းတဖြောက်ဖြောက်ကျနေတဲ့မိုးရေစက်လေးတွေကိုတော့ လျစ်လျူရှုလို့မရဘူးပေါ့။ May လမှာမွေးတဲ့ ကျွန်တော်ကတော့ မိုးရေစက်လေးကိုတော့သဘောကျမိသလို မိုးရွာတဲ့သံလေးနဲ့ကော်ဖီလေးတခွက်နဲ့အတူ စာဖတ်ခန်းထဲမှာအချိန်ကုန်ရတာလည်းသဘောကျပြန်တယ်။ ငယ်ငယ်ကဆို Uni ကျောင်းသားဘဝထိ မိုးရွာရင်အသည်းအသန်ပြေးလွှားနေတဲ့လူတွေကိုကြည့်ပြီး ပြုံးမိတယ်။ ကျွန်တော်နဲ့မှမတူပဲကို..မိုးရွာပြီဆိုရင် မိုးရေထဲမှာထီးမဆောင်းပဲအရသာခံလမ်းလျှောက်ရတာသဘောကျတယ်။ အလျှောက်ကောင်းလို့ ငယ်ငယ်ကတော့နေမကောင်းဖြစ်တတ်ပေမယ့် မိုးနဲ့နေသားကျသွားလို့ထင်ပါရဲ့..နောက်ပိုင်းကျွန်တော်ဖျားတာမျိုးတော့သိပ်မဖြစ်တော့ဘူးလေ။
အခုနောက်ပိုင်း ဂုဏ်ဆိုတဲ့ကလေးငယ်နဲ့တွေ့မှ မိုးရွာထဲလည်းသူ့ကို ကုန်းပိုးပြီးပြေးတတ်နေပြီ။ မိုးရေစက်တွေရေ..ခွင့်လွှတ်ပေါ့ကွာ။ မင်းတို့ထက်ချစ်ရမယ့် ကလေးရှိနေပြီလေ။ ကလေးနေမကောင်းဖြစ်မှာကိုတော့ ပိုကြောက်တဲ့စိတ်နဲ့ မိုးရေစက်တွေကိုလည်းမချစ်နိုင်တော့ဘူး။ဒီတနေ့လည်း မိုးကအညိုးကြီးကြီးနဲ့ တဆွေဆွေမနက်တည်းကရွာနေပြန်တော့ ဟိုကလေးကိုအနွေးထည်သေချာဝတ်ဖို့ နွေးနွေးထွေးထွေးနေဖို့ မှာတမ်းခြွေပြီးမှအလုပ်လုပ်ဖို့ထွက်လာခဲ့ရတယ်...
💕💕💕
"ကလေး ကိုယ်သွားပြီနော် ရာသီဥတုအေးသားပဲ ဒီနေ့...ရေမချိုးရင်မချိုးနဲ့နော်''
"အင်းပါ သိပါတယ်..ကလေးများမှတ်နေလား''
ကျွန်တော့်အသက်မငယ်တော့ဘူးဆိုတာလည်း သိပါတယ်။ဒါပေမယ့် ဒီလူကြီးရှေ့ရောက်ရင် ကလေးတစ်ယောက်လိုအလိုလိုက်ခံရတယ်..ဆိုးလို့ရတယ်..အချစ်ခံရတယ်။ ကျွန်တော်သိပ်မုန်းခဲ့တဲ့သူ့ရဲ့ မေတ္တာတွေကို ကျွန်တော်ခံစားမိလာတယ်။ ထွေးပွေ့တဲ့အခါ နမ်းရှုံ့ခံရတဲ့အခါ နွေးထွေးမှုတစ်ခုကိုခံစားရတယ်။ စိတ်ရှည်ရှည်နဲ့ ကျွန်တော့်အချစ်ကိုစောင့်နေပေးလို့ကျေးဇူးတင်မိတယ်။ သူ့ကိုလိုချင်တဲ့ လိုအပ်တဲ့မိန်းမတွေ အများကြီးထဲက မိန်းကလေးမဟုတ်တဲ့ ကျွန်တော့်ကို ချစ်နေပေးတယ်..အကောင်းပြောသလို မကောင်းပြောတဲ့လူတွေရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးတယ်။ အားကိုးချင်တဲ့စိတ်တွေ အထင်ကြီးလေးစားတဲ့စိတ်တွေဖြစ်ရတယ်..ပြီးတော့ ကျွန်တော် စစ်ဘုန်းနေခနိုင် ကို...ချစ်မိနေပါပြီ။
YOU ARE READING
If your love isn't for me..?
Romance(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...