Chapter - 29

4.1K 268 28
                                    

ရှင်းဦးခန့် ဟူသည် မြှာပွေသောယောကျာ်းတစ်ယောက်ဟုဆိုလျှင်မမှား။ ငွေကလည်း လက်ဖျားသီးသူမို့ သုံးနိုင်ဖြုန်းနိုင်သည်။ရည်းစားဟူသည် တခါတည်းနှင့်သုံးယောက်လည်းပြိုင်တွဲနိုင်သော အရည်အချင်းရှိသူဖြစ်သည်။ အချစ်ဟူသည် မယ်မယ်ရရ နားလည်သည်တော့မဟုတ်...ဆယ်ကျော်သက်အရွယ်မှစ၍ စိတ်ပျော်ရာတခုအနေနဲ့ မိန်းကလေးများနှင့်တွဲသည်။ ကဲသည်။

မူကြိုအရွယ် သိတတ်စတည်းကပေါင်းလာသော သူငယ်ချင်းသုံးယောက်ထဲမှာမှ မာန်သည် မိန်းကလေးများနှင့် ပရောပရီမနေတတ် အမြဲလို တည်တည်တံ့တံ့နေတတ်သူဖြစ်သည်။ ဆိုးအတူ ပေါင်းအတူ စာကျက်အတူ ဖြစ်သော်လည်း သမီးရည်းစားကိစ္စဆိုလျှင် မာန်သည် ဘေးထွက်နေတတ်သူဖြစ်သည်။ ခုနစ်တန်း ရှစ်တန်းလောက်ရောက်တော့ မာန်ကနေတစ်ဆင့် ခင်မင်ခွင့်ရတဲ့ ကောင်လေးတယောက်ရောက်လာသည်..ဂုဏ်ရှိန်ထက်။

ဂုဏ်ရှိန်ထက် က မာန့်ထက်တောင်ပို၍ဆိုးသေးသည်။ ချူချူချာချာ ပုံစံလေးကို ဂရုစိုက်လိုသော မမများ..ညီမလေးများ အရေးပေးသည်ကို တေမိအလောင်းအလျာလို တီတီတာတာပြောနေသော မိန်းကလေးများကိုစကားမပြန်မပြော အင်း အဲ မပြောပဲလျစ်လျူရှုနိုင်လေသူကြီး။ မာန်ကမှ လှော်ပါများ၍ ရည်းစားလေးတော့ထားဖူးသွားချေသေးသည်။

မိန်းကလေးကိစ္စနှင့်ပတ်သက်လာလျှင် ကိုယ့်ကိုလာရောသမျှ ကိုယ့်ကို စိတ်ဝင်စားသော မိန်းကလေးများကို အရေးတယူပြန်ဘူးတတ်သော ယောကျာ်းသားများထဲတွင်မှ ရှင်းဦးခန့် နှင့် ထက်လင်းပိုင် သည် အတွဲအညီဆုံးသောဘူးနိုင်သူများအဖြစ် မော်ကွန်းပင်ထိုးထိုက်၏။ တခါတရံ အပေးအယူမတည့်သောအခါများတွင် စကားပင်မပြောနိုင်မဆိုနိုင်ဖြစ်ရချေသေးသည်။ တယောက်ကအလျော့ပေးကာ 'မင်းပဲလိုက်တော့' ဟုပြောလျှင်လည်း နောက်တယောက်ကပါစွန့်လွှတ်တတ်သူများသာ...။

"မယုံသေးဘူး...မဖြစ်နိုင်သေးဘူး ထင်တယ်...ထင်လင်းနဲ့ရုပ်ဆင်တဲ့ သူ့အမကြီးကိုကြိုက်ရင်တောင် ငါဒီလောက်လိုက်ရမခက်ဘူး..တောက်စ်''

"ကိုကြီး ဘာဖြစ်နေတာလဲ ပွစိ ပွစိ နဲ့...ဒီမှာ မာမားက လိမ္မော်ရည်လာပို့ခိုင်းလိုက်လို့''

If your love isn't for me..?Tempat cerita menjadi hidup. Temukan sekarang