မြန်မာပြည်ပြန်ရောက်တာလည်း မကြာသေးတဲ့ကျွန်တော့်အဖို့...Designerသင်တန်းကျောင်းလေး ဖွင့်ဖို့စိတ်ကူးကြည့်ရုံကလွဲပြီး အလုပ်မည်မည်ရရမရှိ။
လောလောလတ်လတ် လက်ထပ်ထားတဲ့ကျွန်တော့်လင် စစ်ဘုန်းနေခနိုင် ရဲ့အိမ်ဂေဟာမှာ စားလိုက်အိပ်လိုက် နေရုံသာရှိတော့တယ်။ ဘိုးကလည်း လက်ထပ်ပြီးခါစ ပူပူနွေးနွေးလေးမို့ ပျော်ပါစေဟူ၍ လွှတ်ထားသည်လားမသိ..ဖုန်းတစ်ခါလောက်ဆက်ပြီး လှည့်မကြည့်တမ်းလွှတ်ထားည်ထိ အလိုက်သိ၏။
ရေခြား မြေခြား နိုင်ငံခြားသွားနေတုန်းကတော့ ပြောလိုက်ရတဲ့ Video Callတွေ Phone Callတွေမနည်း မနော..လင်ရလည်းပြီးတော့ လုံးဝကိုစိတ်ဒုန်းဒုန်းချလိုက်ပုံရ၏။
ကျွန်တော်လည်း လောလောဆယ်အပြင်မှာ လတ်ယားလတ်ယားပင် မလုပ်ရဲ။ ယောကျာ်းနဲ့ ယောကျာ်း လက်ထပ်ထားတာ ရှက်စရာကြီးလေဗျာ မဟုတ်ဘူးလား 😑
နာမည်ရှည်လျားသလို လူလည်းရှည်လျားလှသော စစ်ဘုန်းနေခနိုင် ကသာ မှိုရသလိုမျက်နှာနဲ့ မြောက်ကြွားကြွား ရင်ကော့ပြီးအလုပ်သွားနိုင် လာနိုင်သေးပါတယ်။ ကျွန်တော်တော့ ဘယ်နှစ်လ အိမ်တွင်းပုန်းလုပ်မိမလဲပင် မသေချာ...တနေ့လုံး အခန်းထဲမှာ နေရတာပျင်းလာတော့..အိမ်ကြီးကိုလှည့်ပတ်ကြည့်မိတယ်။ ကျွန်တော်ပြောထားလို့ ကုတင်နှစ်လုံးလာထားတာလဲပါတာပေါ့လေ..အလုပ်သမားတွေကို ကြီးဟေနဲ့ထားခဲ့ပြီးအခန်းထဲကထွက်လာလိုက်မိတယ်။ နေတော့သာ တစ်ယောက်တည်း..အခန်းတွေအခန်းတွေမှ အများကြီး။ ဒါတောင် လင်နဲ့လင် ခွဲမနေရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ခန်းထဲကပ်သီးပြီးနေမယ်လုပ်လို့ အခုတစ်ခြားသူတွေ အလုပ်များကုန်ပြီ။
ကျွန်တော်တို့အခန်းနဲ့ ဘေးချင်းကပ်အခန်းက အနည်းငယ် ဟနေသည်မို့..ကျွန်တော် ဝင်ကြည့်လိုက်မိတယ်။ ohhhh...စာအုပ်တွေ စာအုပ်တွေမှအများကြီးရယ်..နံရံကပ်စင်တွေနဲ့မျက်နှာကြပ်ထိ စာအုပ်တွေချည်းထားထားသည်မို့..တက်ယူဖို့လှေကားကအစ ရှိနေသည်။
သတိပြုမိသည်က ဆိုဖာပေါ်ကခေါင်းအုံးတစ်လုံး...မနေ့ကကျွန်တော်ပြောခဲ့တာတွေကြောင့် သူဒီမှာပဲလာအိပ်ခဲ့လားမသိ။ စာကြည့်စားပွဲမှာတော့ သူ့အလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေနဲ့စာအုပ်အပြင်...မှောက်ရက်ထားထားတဲ့ Photo Stand လေးတစ်ခု။
YOU ARE READING
If your love isn't for me..?
Romance(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...