Chapter - 16

4.4K 304 13
                                    

"ဒီတစ်ည..ကိုယ့်ကို မင်းချစ်တဲ့သူလို့သတ်မှတ်လိုက်ရင်ကော...''

အေးစက်စက် ခပ်မာမာစကားသံနဲ့အတူ..ကျွန်တော့်နှူတ်ခမ်းတွေကိုသူအပိုင်စီးကာ ခန္ဓာကိုယ်အနှံ့ပွတ်သပ်နေ၍လားမသိ..ကျွန်တော် တွန့်တွန့်လူးနေမိသည်။

ပြီးတော့ကျွန်တော် အားကုန်ရုန်းသည်။ သို့သော်အရာမထင်ခဲ့.....

ထိုတစ်ညကအဖြစ်အပျက်တွေကြောင့်..ကျွန်တော့်ကံကြမ္မာ
ပြောင်းလဲသွားခဲ့မည်ဆိုတာသာ ကြိုသိခဲ့ရင်..ကျွန်တော်အရက်ဆိုတာ ယောင်လို့ပင်ထိခဲ့မည်မဟုတ်ပါ။

🌻🌻🌻

ပြတင်းပေါက်ကတိုးဝင်လာသော နေရောင်ခြည်အလင်းကြောင့် ကျွန်တော်နိုးလာသည်။

"အား...ကျွတ် ကျွတ်...တကိုယ်လုံးလည်းနာလို့ပါလား..''

ပြီးတော့ အဝတ်မဲ့နေသောခန္ဓာကိုယ်..အကျီတွေကကြမ်းပြင်မှာပြန့်ကျဲလျက်...ကျွန်တော်ဘာတွေဖြစ်ခဲ့တာလဲ ပြန်စဉ်းစားတော့ ခေါင်းကတဆစ်ဆစ်ကိုက်လာတယ်လေ။

ဟိုကြည့်ဒီကြည့်အခန်းတစ်ဝိုက်ကြည့်တော့လည်း ဘယ်သူမှမရှိ...။

ကုတင်ဘေးက ညအိပ်မီးအိမ်တင်တဲ့စင်ပေါ်မှာစာတစ်စောင်..

"Good Morning ပါအချစ်ကလေး ^^
နိုးလာပြီလား..
တစ်ကိုယ်လုံးနာနေသေးရင်သေချာနားနေနော်..ကိုယ်အရေးတကြီးအစည်းအဝေးရှိလို့ ခဏအပြင်ထွက်သွားတယ်..
ဟိုတယ်ခကတော့ရှင်းပြီးပြီ..ကိုယ်ပြန်လာတဲ့ထိစောင့်နေနော်..ကိုယ့်လိပ်စာကဒ်လည်းထားခဲ့တယ်''

''WTF မင်းမေကြီးတော်ကို အချစ်ကလေး..ငါဘာတွေလုပ်ခဲ့တာလဲမသိဘူးကွာ..ဘယ်ကောင်တုန်း သိရအောင်...မှန်းစမ်း.လိပ်စာကဒ်ကဘယ်နားမှာလဲ''

''စစ်ဘုန်းနေခနိုင် (Managing Director)
Naing Group of Companies ''

နာမည်ရယ် ရာထူးရယ် ကြည့်ပြီးကျွန်တော်အရင်ဖြုံသွားသည်။ CEOတောင်ဖြစ်နေတဲ့အရွယ်ဆိုတော့ ငါ့ထက်အသက်အများကြီးကြီးတဲ့ အဘိုးကြီးနဲ့များ...ငါ...😱

"မဟုတ်သေးပါဘူး မနေ့ကငါသိပ်မမူးခင်တုန်းကကြည့်တာ ငါနဲ့အသက်သိပ်မကွာသလိုပါပဲ 😭 ဘာတွေဖြစ်ခဲ့မှန်းလည်းမသိတော့ဘူးအမေရဲ့..သားမှားပါပြီ...အဲ့အရက်နောက်ဆို လုံးဝမသောက်တော့ဘူး။မာန့်အကြောင်းတွေလည်းပြောမိတာသေချာတယ်။ အဲ့လူကြီးမျက်နှာလည်း ဘယ်လိုကြည့်ရမှာလဲ။မြန်မြန်ပြန်တာပဲကောင်းတယ် ''

If your love isn't for me..?Where stories live. Discover now