ကျွန်တော်နာကျင်တဲ့အခါ တစ်သက်လုံးအရိပ်တကြည့်ကြည့်ချစ်နေခဲ့တဲ့လူဟာ လျစ်လျူရှုနေတဲ့အခါ ကျွန်တော့်နှလုံးသားကပြေးဝင်ပြီးငိုကြွေးနိုင်မယ့် ရင်ခွင်ကျယိတစ်ခုကိုအလိုရှိနေခဲ့တယ် ဆိုတာ ကျွန်တော် ကိုယ်တိုင်တောင်မသိခဲ့ပေမယ့်....ကိုစစ်ကတော့သိနေခဲ့တယ်နော်။
ကျွန်တော့်အမုန်းတွေအားလုံးကို မငြင်းဘဲလက်ခံပြီးသိမ်းဆည်းထားတယ်...ရခဲ့သမျှအမုန်းတွေကို အချစ်တွေအဖြစ်ပြန်ပြောင်းပြီး ကျွန်တော်ဝမ်းနည်းတိုင်းငိုကြွေးနိုင်တဲ့ ရင်ခွင်ကျယ်ကြီးတစ်ခုကိုဖန်ဆင်းပေးခဲ့တယ်။ ပူလောင်နေတဲ့ကျွန်တော့်နှလုံးသားကို ကိုစစ်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့အေးမြစေခဲ့တယ်။
တနေ့တနေ့မရိုးနိုင်အောင် ကျွန်တော့်ကိုအရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့ချစ်ခြင်းမေတ္တာဟာ မှောင်မိုက်နေတဲ့လကွယ်ညလိုကျွန်တော့်ဘဝထဲမှာ လမင်းကြီးဖြစ်ခဲ့တယ်။ လူတွေဟာ လျှပ်စစ်မီးအလင်းရောင်တွေရှိတဲ့အခါ လမင်းကြီးတန်ဖိုးကိုမသိဘူးလို့ ကိုစစ်ပြောဖူးတယ်။ ဝရံတာမှာလည်း လမင်းကြီးကိုထိုင်ငေးရင်း စီးကရက်ခဲရင်း တစ်ခုခုစဉ်းစားနေတတ်တယ်။
ကျွန်တော့်ဘဝအတွက် ကိုစစ်ဟာ လမင်းကြီးပါ..ကျွန်တော့်ဘဝရဲ့မှောင်မိုက်ချိန်တွေမှာအမြဲအတူရှိနေပေးခဲ့တော့ လမင်းကြီးရဲ့အေးချမ်းမှုကိုမသိဘူး တန်ဖိုးကိုနားမလည်ခဲ့ဘူး.. ဘယ်လောက်ထိကျွန်တော့်ဘဝအပေါ်အလင်းတွေဖြန့်ကြဲပေးခဲ့လဲ သိအောင်မကြိုးစားခဲ့ဘူး။ လမင်းကြီးဘေးမှာ ကြယ်လေးတွေအများကြီးရှိရက်နဲ့ ကျွန်တော့်ကိုရွေးချယ်ခဲ့တာကို အပြစ်တစ်ခုလိုအမြဲပြောခဲ့တယ်။ နာကျင်စရာတွေသိပ်များလို့ ကျွန်တော့်ကို စိတ်နာလို့ အကြာကြီးအိပ်နေတာလားဟင် ကိုစစ်။ ကျွန်တော် လမင်းကြီးတန်ဖိုးကိုရင်နဲ့အမျှသိနေပါပြီ..
ကိုစစ် ပြန်နိုးထလာဖို့ ကျွန်တော့်အသက်နဲ့တောင်လဲပါတယ်..အနားမှာမရှိတော့မှ ကိုစစ်ကို ကျွန်တော်မရှိမဖြစ်လိုအပ်နေမှန်းပြတ်ပြတ်သားသားသိလိုက်ရတယ်။ နိုးလာတဲ့အခါ ကိုကို လို့လည်းခေါ်မယ်လေ...။
CZYTASZ
If your love isn't for me..?
Romans(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...