Chapter - 24

4K 300 17
                                    

စစ်ဘုန်းနေခနိုင် ထွက်သွားတဲ့နေ့က သင်္ကြန်အကြိုနေ့...

''ယာဉ်ကြောကြပ်မှာစိုးလို့လိုက်မပို့နဲ့တော့နော် ကလေး''

နှာဖူးကိုဖွဖွနမ်းပြီးသူမှာနေတယ်လေ။ ဘာကြောင့်ရယ်မှန်းမသိတဲ့ခံစားချက်တစ်ခုကြောင့် သူ့ရဲ့အထိအတွေ့တွေကို အရင်လိုခါးခါးသီးသီးမငြင်းဆန်မိတော့ဘူး။ အခုလည်း လက်ထပ်ပြီးမှ သူရပ်ဝေးမြေခြားခရီးသွားတာ ပထမဆုံးဆိုတော့ စိတ်ထဲက တမျိုးဝမ်းနည်းနေသလိုလို...။

အတူတူနေတာလည်း 1လနီးပါးလောက်ဆိုတော့...မမြင်နိုင်တဲ့သံယောဇဉ်တွယ်မိတယ်ထင်ပါရဲ့။

"အင်း...ဂရုစိုက်သွားနော်''

"ကိုယ်အားတာနဲ့ Msgerကပဲဖြစ်ဖြစ် ဆက်သွယ်လိုက်မယ်.. ကလေး ရေကစားဦးမှာလား''

"ဒါပဲတချိန်လုံး မေးနေတာပဲ..မကစားပါဘူးဆိုဗျာ''

"လိမ်မာလိုက်တာ...နောက်တနှစ် ကိုယ်ကျိန်းသေ ကလေးနဲ့တူတူရှိနေပေးမယ်နော် ''

ကားပေါ်တက်သွားတဲ့ သူ့ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး...တူတူလိုက်ချင်တယ် ခေါ်သွားပါလို့တောင် ကလေးဆန်ဆန်တောင်းဆိုချင်လာသလိုလို...။ကားပြတင်းပေါက်ကနေ ကျွန်တော့်ကို ပါးချိုင့်ခွက်'တွေနဲ့ ပြုံးပြပြီးတဲ့နောက်မှာ...မောင်းတော့ ဆိုသော သူ့ရဲ့အာဏာဆန်ဆန်အမိန့်ပေးသံနဲ့အတူ Lexus ကားကြီးကလည်း ခြံထဲကတရိပ်ရိပ်ထွက်ခွာသွားတော့တယ်။

တကယ်ဆို ကျွန်တော် သူ့ကိုမုန်းနေတာပါ။ အသွေးအသားထဲကတောင် မုန်းတယ်လို့ခံယူထားတဲ့သူတစ်ယောက်။ ချစ်တဲ့သူတစ်ယောက်ကို ငေးကြည့်ခွင့်တောင် မရအောင်ရက်စက်ခဲ့တဲ့သူ လို့သတ်မှတ်ခဲ့တာလေ။ သူနဲ့တရက်မတွေ့ရရင် တရက်ပျော်နေရမှာ...အခုကျွန်တော် ဘာဖြစ်ချင်နေတာလဲဆိုတာ ကျွန်တော် ကိုယ်တိုင်တောင်သေချာမသိတော့ဘူး။

ကျွန်တော့်ကို ဂရုစိုက်လွန်းလို့ စိတ်လှုပ်ရှားနေတာလား။ USမှာ တယောက်ထဲနေတာကြာခဲ့တော့ အခုလိုသူနဲ့တူတူနေရတာကိုပဲ ကျေနပ်နေတာလာ။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ငယ်တည်းက တယောက်ကိုတယောက်ချစ်ခဲ့တဲ့ ကျွန်တော့်အချစ်က ဒီလောက်တောင် အပြောင်းအလဲမြန်ရသလား..မဟုတ်ဘူး။ကျွန်တော်သူ့ကိုမုန်းရမယ်..ခါးခါးသီးသီး မုန်းရမှာ။

If your love isn't for me..?Where stories live. Discover now