Chapter -5

4.3K 328 1
                                    

''ငါ့ကိုချစ်မယ့်သူ ထပ်မလိုချင်ဘူးကွာ။ချစ်မိတဲ့သူက အန္တရာယ်ဖြစ်မှာဖဲ။ဘယ်သူမှမချစ်မိ မပတ်သတ်မိ ခင်...ငါ..လောကကြီးကနေထွက်သွားချင်မိတယ်''

"တဖက်သတ်အတွေးတွေမတွေးစမ်းပါနဲ့..ဂုဏ်..မင်းမရှိတော့ရင်ကော ကျန်ခဲ့တဲ့လူတွေကပျော်နေမယ်မင်းထင်လား??မင်းကိုသိပ်ချစ်တဲ့မင်းအဖေနဲ့အမေကရော မင်းဆုံးဖြတ်ချက်ကို လက်ခံမယ်မင်းထင်လား?မင်းသိပ်ငယ်သေးတယ် မိုက်ရူးရဲမဆန်စမ်းပါနဲ့ကွာ..''

"ငါကသိပ်ငယ်သေးတယ်ဆိုတော့..မင်းကရောကြီးပြီမို့လို့လား''

အမယ် ဒီနေ့ပိစိကပြောသမျှစကားတိုင်းကိုစိတ်ရှည်လက်ရှည်နဲ့ရစ်နေတာ။ထူးထူးဆန်းဆန်း။

"ငါမင်းနဲ့အသက်တူရင်တောင် မင်းထက်တော့ရင့်ကျက်သေးတယ်ကွ။အကိုကြီးတယောက်လို မင်းအားကိုးလို့ရတယ် အဟမ်း..''

''အဲ့လိုဆရာကြီးစတိုင်လ်နဲ့ပြောတတ်လို့ထင်တယ်။အဘိုးကလည်း မင်းနဲ့ပေါင်းဖို့ မင်းကောင်းကြောင်းတွေချည်းညွှန်းသွားတာဖဲ။''

''အရင်ကငါစကားပြောရင်ပြန်မပြောလို့ ငါနဲ့မပေါင်းချင်ဘူးတောင်ထင်နေတာ ဂုဏ်''

''သူငယ်ချင်းအသစ် တွေထပ်မလိုချင်တော့တာ။တကယ်လို့ ငါသေသွားခဲ့ရင်ထပ်ခင်မိတဲ့လူတွေပါ စိတ်မကောင်းဖြစ်မယ်ထင်တယ်..ငါက...''

ကျွန်တော်ဆက်နားမထောင်ချင်တော့ဘူး။တချိန်လုံးသေမယ့်စကားတွေချည်း ဘာလို့ပြောနေရတာလဲ။

ခန္ဓာကိုယ်ပိစိလေးနဲ့ ပကတိကလေးမျက်နှာဖဲရှိသေးတဲ့ မင်းကဘာလို့ဒီလောက်တောင်သေချင်နေတာလဲ။ ဦးနှောက်ကစေခိုင်းတဲ့အလုပ်လား?? နှလုံးသားကစေခိုင်းတဲ့အလုပ်လား??ကွဲကွဲပြားပြားမသိသေးတဲ့အရွယ်မှာဖဲ ကျွန်တော်ပထမဆုံးအကြိမ် ကျွန်တော့်မိသားစုမဟုတ်တဲ့သူစိမ်းတယောက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်မိတယ်။
ကျွန်တော့်အထိအတွေ့ကို ရုန်းထွက်လိမ့်မယ်လို့ကျွန်တော်ထင်ထားတာ။..ကြားလိုက်ရတာက...

"ကျေးဇူးတင်ပါတယ်..ဟိန်းမာန်..''တဲ့။

ကျွန်တော်နားကြားများမှားသလား?? ဂုဏ်ရဲ့မျက်နှာကိုကျွန်တော့် ရင်ခွင်ထဲကဆွဲဖယ်လိုက်တော့..မျက်လုံးအိမ်မှာမျက်ရည်ဥလေးတွေနဲ့နှာခေါင်းနီနီလေး။

If your love isn't for me..?Onde histórias criam vida. Descubra agora