Chapter - 17

4.2K 290 13
                                    

နွယ့်ဆီက ပြန်လာတော့ ကျွန်တော့်စိတ်တွေမွန်းကြပ်နေမိတယ်..

ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်ရရဲ့နဲ့ အလျင်လိုတဲ့စိတ်တခုနဲ့ဆုံးဖြတ်ပြီး နွယ့်ကိုဆက်သွယ်လိုက်တာ အမှားကြီးမှားခဲ့ပြီလားမသိ။

ညဘက်ကျ ဆက်သွယ်လေမလားဆိုတဲ့ မျှော်လင့်ချက်တပိုင်းတစနဲ့ ဟန်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး ဝါးရံတာမှာစီးကရက်ပြင်းပြင်းရှိုက်နေမိတယ်....။

မဟူရာကောင်းကင် နဲ့ ဆိတ်ငြိမ်တဲ့ညအချိန်...ကျွန်တော့်ရဲ့အားလပ်ချိန် အပန်းဖြေချိန်ဆိုတာ လူတွေအကုန်အိပ်လို့တိတ်ဆိတ်နေတဲ့ညအချိန်သာရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေက မခံချင်စိတ်တွေအပြည့်နဲ့ ကြိုးစားခဲ့တဲ့ကျွန်တော်က အခုဆိုကြိုးစားမှူရလဒ်တွေကိုခံစားနေရပြီ။

ဒါပေမယ့် အချစ် ပျော်ရွှင်မှူ မိတ်ဆွေစစ် နွေးထွေးတဲ့မေတ္တာ တွေနဲ့ အလှမ်းဝေးနေခဲ့တယ်။ မေ့လျော့ထားခဲ့တယ်။ ကိုယ့်ကို မွေးဖွားခဲ့တဲ့ မိဘတွေကတောင် မလိုချင်လို့ထွက်ပြေးသွားခဲ့သေးတာ...နွယ့်လိုမိန်းကလေးတွေလည်း ပြေးလောက်ပါတယ်။

ကျွန်တော့မိဘတွေလည်း အကုန်လုံးအသီးသီး သူ့ဘာသာအဆင်ပြေနေကြပါပြီ။ ယောင်လည်လည်ဖြစ်နေခဲ့တာ ကျွန်တော်ပါပဲ။ နွယ့်မိဘတွေရဲ့ စော်ကားချိုးနှိမ်မှူတွေအောက်မှာ နလန်မထူနိုင်တော့တဲ့ နှလုံးသားတစ်စုံဟာ...ကောင်မလေးတစ်ယောက်လို့ ကျွန်တော်ထင်ခဲ့မိတဲ့ ကောင်လေးတစ်ယောက်ကြောင့် ပြန်ခုန်စပြုလာတယ်လို့ပြောလို့ရတယ်။

ပြုံးတတ်လာခဲ့တယ်..အခုမှအချစ်ကိုခံစားဖူးတဲ့ လူပျိုပေါက်လေးလို မိုက်ရူးရဲဆန်ဆန်ချစ်ပစ်ချင်တယ်။
ကျွန်တော်လိုချင်တဲ့ ချစ်ခြင်းမေတ္တာတွေက ဖမ်းဆုပ်လို့မရခဲ့ဘူး..တောင့်တမိရင် အမြဲဝေးသထက်ဝေးရာကို ထွက်ပြေးသွားတတ်ကြတယ်။
ဒီတခါတော့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရဖို့အတွက် ကျွန်တော့်ဘက်က ဘယ်နည်းလမ်းမဆိုသုံးဖို့အဆင်သင့်ပဲ။

ကျွန်တော် အလွယ်တကူရယူနိုင်တဲ့ အပေါ်ယံမေတ္တာတွေထက်..ခက်ခက်ခဲခဲရယူရမယ့် အချစ်တစ်ခုကို ပိုလိုချင်ခဲ့မိတယ်။

If your love isn't for me..?Opowieści tętniące życiem. Odkryj je teraz