မင်္ဂလာခန်းမကြီးထဲ...
မင်္ဂလာတေးသံများနဲ့ပြန့်လွင့်နေတယ်...
စစ်ဘုန်းနေခနိုင် နဲ့ ဖိုး ရဲ့အသိမိတ်ဆွေတွေက နည်းမှမနည်းဘဲလေ။
ကျွန်တော်ကတော့ နှစ်ရှည်လများ..မြန်မာပြည်နဲ့ကွဲကွာနေခဲ့သည်တစ်ကြောင်း၊ ဘာမည်မည်ရရ အလုပ်ရယ်ဟူ၍ မလုပ်ရသေးတာကတစ်ကြောင်းဆိုတော့ ဘယ်သူနဲ့မှသေချာမသိ...သူစိမ်းတွေနဲ့ပြည့်နေတဲ့ မင်္ဂလာပွဲကြီးအလယ်မှာ...
ပြီးတော့ သဘာဝကိုလွန်ဆန်ပြီး အတင်းဇွတ်တရွတ်ဆုံးဖြတ် တတ်တဲ့ စစ်ဘုန်းနေခနိုင် ကြောင့်...ယောကျာ်းလေးနှစ်ယောက် ဆောင်တဲ့မင်္ဂလာပွဲဖြစ်ခဲ့တယ်။ရောက်လာတဲ့သူတွေကလည်း အထူးအဆန်းကြည့်တာရှိသလို၊ အထင်သေးသလိုလိုအကြည့်တွေနဲ့ တချို့ကတော့တီးတိုးပြောနေကြပါရဲ့..
"ရုပ်ကလေးကတော့ မိန်းမချောလေးနဲ့ သနားကမားလေးပါ...သူ့အသိုင်းအဝိုင်းကလည်း ကိုစစ်လောက် မချမ်းသာရင်တောင်...မြန်မာပြည်မှာဆို နာမည်ရှိတဲ့လုပ်ငန်းစုအနေနဲ့ ရပ်တည်နေတာပဲ။ လောဘကြီးလိုက်တာ ကိုစစ်ကိုဘယ်လိုသိမ်းသွင်းပြီး ချိန်လိုက်တယ်မသိ ''
ကျွန်တော့်နားထဲ သံရည်ပူတွေလောင်းချနေသလိုလို...ဘေးက ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ စစ်ဘုန်းနေခနိုင် လည်းကြားတယ်ထင်ပါရဲ့။
ကျွန်တော့်လက်ကို နဂိုကိုင်ထားတာထက် ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။
စိတ်လက်မာန်ပါလုပ်လေ့ရှိတဲ့ သူ့စတိုင်လ်အတိုင်း...ပြောနေတဲ့သူတွေဆီ ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်း သွားဖို့ပြင်နေတယ်။"စစ်ဘုန်းနေခနိုင်... အခုကပွဲနော်..ပြသနာဖြစ်တာ ကျွန်တော်မကြိုက်ဘူး။ အသားလည်းပဲ့ပါသွားတာမဟုတ်ပဲနဲ့ ဘာလို့ဒေါသတွေထွက်နေတာလဲ''
"ကလေးကိုပြောနေလို့လေ...စိတ်မကောင်းဖြစ်သွားတယ်မလား''
"မဖြစ်ဘူး...ကိုယ်မှတကယ်မဟုတ်တာ''
"ကိုယ့်လက်ကိုသေချာတွဲထား...ဒီနေ့ကစပြီး ကိုယ်ကာကွယ်ပေးမယ် စောင့်ရှောက်ပေးမယ် ကလေးအထီးမကျန်စေရဘူး''
မျက်ခုံးထူထူအောက်က လေးနက်တဲ့မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို ငုံ့ကြည့်ပြီး အတည်တွေပြောနေတာ။
YOU ARE READING
If your love isn't for me..?
Romance(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...