(Unicode)
နောက်တစ်နေ့မိုးလင်းလာတော့ တစ်ကိုယ်လုံးကိုက်ခဲပြီးခေါင်းတွေထိုးကိုက်နေပါတော့တယ်။ သေချာတာကတော့ မနေ့ကအသဲကွဲမယ့်နေရာကို ရေချိုးခန်းထဲရွေးခဲ့မိတာကစမယ်ထင်ပါတယ်။ ဖုန်းကနာရီကို ကောက်ကြည့်လိုက်တော့ ၉နာရီတောင်ရှိနေခဲ့ပြီ။
"ဟာ ဒီအချိန်တောင်ရှိနေပြီ။ ဘယ်သူ့မှလည်းမနှိုးကြဘူး။ ဘယ်သူ့မှမနှိုးဆို ငယ်ငယ်တည်းကဘယ်သူနှိုးနှိုးမထတာလည်း ငါပါပဲ။ အနည်းဆုံး ရုံးကလူတွေဖုန်းလေးတောင် မဆက်ကြဘူးလား။ ဖုန်းမဆက်ဆိုလည်း မနေ့ကတစ်ညလုံးပိတ်ထားပြီး ပြန်မဖွင့်ရသေးတာလည်း ငါပါပဲလား"
နိုးတည်းကတရားခံရှာစရာလူရှာမတွေ့တော့ တစ်မျိုးဟာတာတာနဲ့တော့ဖြစ်သွားရပါတယ်။ ဘာပဲဖြစ်ဖြစ်ဒါတွေဖြစ်ရတာ ဟိုအကောင်ဆိုး ထက်လင်းကြောင့်ပါ။ ဒီတစ်ခုကတော့သေချာသည်။ အသက်တွေလည်း ရလာတော့ personal နဲ့ work ကိုခွဲထားရမယ်ဆိုတာသိလာတာမို့ အသဲဟက်တက်ကွဲနေလည်း အလုပ်တော့သွားရဦးမယ်။ လက်မှတ်ထိုးစရာရှိတာတွေ သွားထိုးရမည် ဆိုတဲ့အသိနဲ့ ကိုယ်လက်သန့်စင်၊ ကိုယ့်ရာထူးနဲ့လိုက်ဖက်တယ့်တယ်သော အ၀တ်အစားကိုရွေး၀တ်ကာ ယိုင်တိယိုင်တိုင်နဲ့လှေကားကဆင်းလာရတော့တာပါပဲ။
"သား နိုးပြီလား။ ဒီအချိန်ထိ မထတော့ မာမားကအလုပ်မသွားတော့ဘူးတောင်ထင်နေတာ။ မျက်နှာကဖျော့တော့နေတာပဲ နေမကောင်းဘူးလား။ ဒီမှာ သားသူငယ်ချင်းလည်း ရောက်နေတယ် အဟင်းဟင်း"
မာမားရဲ့အဟင်းဟင်း နှင့် အကြည့်ကအသက်ပါလှသည်မို့ ရောက်နေသည့်သူငယ်ချင်းကား ဟိုကောင်ပဲဖြစ်ပါလိမ့်မည်။
"ထက်လင်းလား မာမား။ သူကဧည့်ခန်းထဲမထိုင်ပဲ ဘယ်ရောက်နေတာလဲ"
"အမလေးတော် ထက်လင်းနဲ့ကအခုမှသိတာကျလို့။ သူတို့မိဘတွေနဲ့ မာမားတို့ပါပါးတို့ဆိုတာလည်း မင်းတို့မမွေးခင်တည်းကသိတာ။ ငယ်ငယ်တည်းကလည်း အိမ်လာလည်နေကျဆော့နေကျပဲလေ။ ထက်လင်း လာရင်လည်း ဘယ်တုန်းက ဧည့်ခန်းထဲဧည့်သည်လိုလေးထိုင်နေလို့လဲ။ အခု သားနိုးလာတာမမီမှာစိုးလို့ လာတာမနက်စာမစားရသေးလို့တဲ့။ မီးဖိုချောင်ထဲ မင်းညီမနဲ့အတူမနက်စာစားနေတယ်ထင်တယ်"
ESTÁS LEYENDO
If your love isn't for me..?
Romance(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...