"ဟိန်းမာန်မြတ်.... ဟိန်းမာန်မြတ် မင်းအခုထွက်လာခဲ့..တံခါးဖွင့်ပေး''
အခန်းထဲမှာအောင်းနေတဲ့ကျွန်တော့်မျက်လုံးတောင် ပြူးကျယ်သွားလောက်တဲ့အထိ စူးစူးဝါးဝါးကိုဒေါသတကြီးအော်နေတာ..ဒီအသံဘယ်မေ့နိုင်ပါ့မလဲ...ကျွန်တော့်ရဲ့အချစ်ဦး..ဂုဏ်ရှိန်ထက်ပေါ့။ ဒီလောက်ဒေါသထွက်ြပီး ကျွန်တော်နဲ့သီရိနွယ်နှစ်ယောက်တည်းနေတဲ့အိမ်ကိုလိုက်လာပုံထောက်ရင် အမှန်တရားအချို့ထဲက တပိုင်းတစ်စကိုတော့ ဂုဏ် သိလောက်ရောပေါ့။
နောက်ဆုံးအချိန်ထိ ကျွန်တော်ဇွဲမလျော့သေးပါဘူး။ သူ့လက်ကိုဆွဲပြီး ထွက်ပြေးချင်သေးတယ်..နိုင်ငံခြားမှာတိမ်းရှောင်ဖို့ ငွေကြေးအလုံအလောက်ရှိရဲ့သားနဲ့ ဘာလို့ထွက်မပြေးခဲ့လဲ..ဘာလို့လဲလို့မေးစေချင်လိုက်တာဂုဏ်...ငါထွက်သွားပြီးရင်မင်းကိုတွေ့ခွင့်မရတော့မှာစိုးလို့။ မင်းအကုန်မသိသေးတဲ့ အမှန်တရားတွေကို သိပါတယ်ပြောပြီး ငါ့ကိုမုန်းသွားမှာစိုးလို့..။
တံခါးဖွင့်ပေးလိုက်တာနဲ့..အားနဲ့အရှိန်ပြင်းပြင်းထိုးလိုက်တဲ့လက်သီးတစ်ချက်ဟာ ကျွန်တော်ထိုင်ရက်ကျစေတယ်။ ကျွန်တော်ဘာမှမပြောသေးဘဲ သူ့ကိုမော့ကြည့်လိုက်တယ်..မျက်လုံးအိမ်မှာမျက်ရည်စတွေနဲ့အတူတွေ့လိုက်ရတာက ဒေါသတွေ။ အလယ်တန်းတည်းက သူငယ်ချင်း ဖြစ်လာခဲ့တာ..ဂုဏ် ဒီလောက်ဒေါသဖြစ်တာ ကျွန်တော်မတွေ့ခဲ့ဖူးဘူး။ အချစ်က လူတယောက်ကိုပြောင်းလဲပေးလိုက်ပြီထင်ပါရဲ့...ဂုဏ်တကယ် ချစ်မိသွားပြီထင်ပါရဲ့။
"မင်း ဘာလို့ ကိုစစ်ကို ကားနဲ့တိုက်ရသလဲပြော ပြောလေကွာ..မင်းမဟုတ်ရင်လည်း မဟုတ်ဘူးလို့ ငါ့ကိုပြန်ငြင်းစမ်းပါကွာ ပြန်ငြင်းစမ်းပါ''
"မငြင်းတော့ပါဘူး...ငါဟုတ်တယ်။ အဲ့နေ့ကအရက်နည်းနည်းသောက်လာခဲ့တယ်..မင်းနဲ့သူနဲ့ပျော်နေတာမြင်တော့ သူမရှိရင်မင်းငါ့ဆီပြန်လာမလား ဆိုပြီးတိုက်လိုက်တာ''
"မင်း ကွာ....တောက်စ်''
"ထပ်ထိုးဦးမလို့လား... ထိုးစမ်းပါကွာ...ပြီးရင်ငါနဲ့အတူထွက်ပြေးကြရအောင်နော် နော်''
YOU ARE READING
If your love isn't for me..?
Romance(Unicode) နဲ့ဖြည့်ပေးထားပါတယ်ရှင်။ "မဖြစ်နိုင်ဘူးထင်ခဲ့မိလို့... အမြဲမြိုသိပ်ထားခဲ့မိတဲ့ကိုယ့်အချစ်တွေမင်းကိုအမြဲပေးချင်ခဲ့တယ်... ကိုယ့်အဖြစ်က.. မိုးပျံပူဖောင်းလေးတလုံးအမြင့်ကိုတက်နိုင်ဖို့.. မိုးပေါ်တက်သွားတာကို လှမ်းမဖမ်းပဲ.. ငေးနေလိုက်မိသလိုမျိုး...