" ကျတော်တို့ မင်္ဂလာဆောင်ပြီးရင် ကျတော့်အိမ်မှာပဲနေစေချင်ပါတယ်
Ommonie တို့ ခွင့်ပြုပေးနိုင်မလားမသိဘူး "" အို ရပါတယ် သူဌေး Byun ရယ် "
" ခုလိုအဆင်ပြေပြေနဲ့လက်ခံပေးလို့
ကျေးဇူးတင်ပါတယ်ခင်ဗျ "" မဟုတ်တာရှင် ကျမတို့မိသားစုတွေ
သူဌေး Byun ဆီမှာ ကျေးဇူးကြွေးတွေအများကြီးရှိနေတာပါ
ဒီနည်းလမ်းနဲ့ ဆပ်ခွင့်ရလို့
အတိုင်းမသိဝမ်းသာမိပါတယ် "" ဒါဆို ကျတော့်ကိုပြန်ခွင့်ပြုပါဦးနော်
Chanyeol က ကျောင်းက
ပြန်မလာသေးဘူးထင်တယ် "" ဟုတ်တယ် သားက ဒီအချိန်
အိမ်ပြန်မရောက်တက်ဘူးရှင့်
နောက်မှ သားနဲ့ သူဌေး Byun ကို သီးသန့်တွေ့ပေးဖို့စီစဉ်ပေးပါမယ် "" ဟုတ်ကဲ့ အဲ့ဒါဆို ကျတော့်ကိုခွင့်ပြုပါဦး "
••••••••••••••
" Omma ! ခုဘာပြောတာလိုက်တာ ?
ယောကျာ်း အရင့်မာကြီးကျတော့်ကို
မိန်းမ မပေးစားပဲ
ယောကျာ်းပေးစားမယ် ဟုတ်လား ? "" သားရယ်... "
" ဟားးးးး Omma ဒါတော့အရမ်းလွန်တယ်
ဒီအရွယ်မှာ မိန်းမပေးစားမယ်ဆိုရင်တောင်
ငြင်းမိမှာ သားခုမှ ကောလိပ်စတက်တာလေ အိမ်ထောင်သည်ဘဝကို နောက်၁၀နှစ်မှ
စတင်ဖို့ စိတ်ကူးထားတာလေ
ပြန်စဉ်းစားပါဦးလားဗျာ "" စဉ်းစားလို့မရဘူး Chanyeol
မင်းအဖေမရှိတော့တဲ့အချိန်တည်းက
Byun အုပ်စုကငါတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်လာတာ
ငါ့အနေနဲ့ Byun အုပ်စုကို ကျေးဇူးဆပ်ဖို့ ဒီနည်းလမ်းပဲရှိတော့တယ် "" ဟာ..အဲ့လိုဆိုလည်း Noona နဲ့ပေးစားလိုက်လေဗျာ
ဘာလို့ အဆန်းတကြယ်လုပ်ပြီး ကျတော့်ကိုယောကျာ်းပေးစားပြီးမှ
ကျေးဇူးဆပ်ရတာလဲ omma ရာ "" ဟဲ့ ဟိုက နင့် Noona ကိုမကြိုက်ဘဲ နင့်ကိုမှကြိုက်တာလေ နင့်ကိုပဲယူချင်ပါတယ်ဆိုပြီး
သူ့ဘက်ကစပြီး ကမ်းလှမ်းလာတာလေ "" ဘာ..! အဲ့လူကြီးက
ကျတော့်ကိုလိုချင်တာ ဟုတ်လား ? "" အေး သူဌေး Byun က နင့်ကိုသဘောကျနေပါတယ် ချစ်ခင်နှစ်သက်နေပါတယ်ဆိုပြီး
သူ့မိဘတွေနဲ့အတူ ဒီနေ့ပဲလာပြီး တောင်းရမ်းတာ "