Part 9

9.7K 742 42
                                    

Chan အနုပညာကျောင်းမှာ
ပညာသင်နေတာ တစ်နှစ်ကျော်လာတဲ့အခါ
Entertainment တစ်ခုမှာ Audition ဝင်ဖြေခဲ့ပြီး
ဝင်ခွင့်ရသွားတော့
သူ့အနေနဲ့ training ဝင်ရင်
အိမ်ပြန်မလာဖြစ်တော့လို့
Trainning မဝင်ခင်အချိန်လေးမှာ ကျတော်နဲ့ခရီးအတူတူထွက်ချင်တယ်ဆိုလို့

ခရီးအတူမသွားခင် ကျတော့်ရုံးကအလုပ်တွေ ပြတ်အောင်အပြီးဖျက်နေရပါတယ်

" အိမ်ပြန်နောက်ကျတယ် "

အိမ်ပြန်ရောက်တဲ့အခါမှာ ည ၁၁ နာရီ
အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးမှောင်မဲနေပြီး
ဧည့်ခန်းကအေးစက်နေတဲ့အချိန်မှာ
သူ့ရဲ့ ခက်ထန်ထန်လေသံကြောင့် ကျတော် လန့်ဖြတ်သွားရတယ်

" အင်း..အင်း Chan အလုပ်တွေမပြတ်သေးလို့ "

" Hk ... အလုပ် လုပ်နေတာက ကော်ဖီဆိုင်မှာလား "

" ဟင် ... Chan ဘာကိုပြောတာ ? "

" ဘာမှမဟုတ်တော့ဘူး
အိပ်တော့မယ် "

သူပြောတာကိုမကြားလို့
နောက်တစ်ခါ မေးနေတာမဟုတ်ဘဲ
ကျတော်များ နားကြားမှားနေတာလားဆိုတာ
သေချာချင်လို့ ထပ်မေးတာပါ

အိမ်ပြန်နောက်ကျရပြီး
ပင်ပန်းနေတာကိုလဲမသိတော့
သူတခုခုအထင်လွဲနေတာကိုဖြေရှင်းရဦးမယ်လေ

အိပ်ခန်းထဲရောက်တော့ မီးအိမ်လေးရဲ့အလင်းရောင်ခပ်ပျပျလေးကလွဲရင် မှောင်မဲနေတယ်

လှဲ အိပ်နေတဲ့ သူ့အနားကို
တင်ပါးလွှဲလေးသွားထိုင်တော့ စောင်ကို ခေါင်းဖုံးသည်အထိခြုံပစ်လိုက်တယ်

ပုံမှန်အချိန်ဆို သူအိပ်ချင်နေမှာပဲဆိုပြီး လွှတ်ထားတက်ပေမယ့် အခုက သူကျတော့်ကို
အထင်လွဲနေချိန်လေ
အထင်လွဲနေတာဖြေရှင်းဖို့အတွက်
သူခြုံထားတဲ့ စောင်ကိုဆွဲချလိုက်တယ်

" Chan ခုနက ဘာပြောတာလဲ "

" ဘာမှမဟုတ်ဘူး "

" Chan အဲ့လိုကြီးမလုပ်နဲ့လေ
Hyung တခုခုမှားနေရင်တောင်
Hyung ကိုဖြေရှင်းချက်ပေးလေ "

" နေ့လည်က ကော်ဖီဆိုင်ရောက်တယ် "

" အင်း .. Hyung ကိုတွေ့ရင်ဘာလို့မခေါ်တာလဲ "

Love Affair ( Completed )Tempat cerita menjadi hidup. Temukan sekarang