Part 10

9.9K 801 48
                                    

Kris ဆိုတဲ့ စည်းကမ်းကြီးလွန်းတဲ့ သူဌေးကြီးက
ကျတော်နဲ့တွေ့တဲ့အခါမှာတော့ သူငယ်ချင်းဟောင်းတွေပြန်တွေ့အတိုင်းပဲ
ရင်းရင်းနှီးနှီးစကားတွေပြောရင်း
Company ရဲ့ ဘဏ္ဍာရေး အခြေအနေတွေလဲဆွေးနွေးကြတယ်

သဘောလည်းအရမ်းကောင်းသလို
စာရင်းဆိုတိတိကျကျမှ သဘောကျတက်တဲ့သူမို့လို့
သူ့ကိုသေသေချောချာ စာရင်းတွေအကြောင်းရှင်းပြနေရတယ်
စာရင်းကိုင်ချုပ်ဖြစ်တဲ့ Minwoo မရှိတော့တဲ့နောက်ပိုင်းမှာ စာရင်းနဲ့ပတ်သတ်ရင်ကျတော်ပဲ ဒိုင်ခံဖြေရှင်းနေရတယ်လေ

" Baekhyun ရှင်းပြပုံအရဆိုရင်
ဒီ Company က စာရင်းပိုင်းမှာ
အရာရာအဆင်ပြေနေပြီး
Management အပိုင်းအားနည်းနေတာပဲ "

" ဟုတ်ပါတယ် "

" ကျတော် ဒီ Company မှာသာ
Share ဝင်ခဲ့မယ်ဆိုရင်
Management အပိုင်းကို တာဝန်ယူလို့ရမလား "

" ဟာ .. ရတာပေါ့ဗျာ "

" ဟုတ်ပြီ ဒါဆိုရင်လဲ Share ထည့်ဝင်တာပေါ့
ကျတော်က 50% Share ဝင်တာမို့လို့
ဒီ Company တစ်ဝက်ကို ကျတော်ပိုင်တယ်နော် "

" အဟင်းးး ဟုတ်ကဲ့ပါ "

Company တစ်ဝက်ကိုပိုင်တယ်ဆိုတာ အမှန်တရားဖြစ်နေပေမယ့်
Appa တည်ထောင်ထားတဲ့
တစ်ဦးတည်းပိုင် Company ကြီးဟာ ကျတော့်လက်ထက်ရောက်ကာမှ
၂ဦးပိုင် Company ဖြစ်သွားရပြီ

မတက်သာဘူးလေ Chan ရဲ့
အနုပညာကျောင်းစရိတ်
Ent တခုရဲ့ Training စရိတ်
Debut ခွင့်မြန်မြန်ရဖို့အတွက် ကုန်ကျစရိတ်
စသည်ဖြင့် ကုန်ကျစရိတ်ပေါင်းမြောက်များစွာကြောင့်
Share တွေကိုထုတ်ရောင်းမှအဆင်ပြေရတော့မှာလေ

" Baekhyun ကျတော်တို့ ဒီနေ့ပဲ စာချုပ်ကိစ္စစီစဉ်ကြရအောင်နော်
ပြီးရက် တခါတည်း ကျတော့်ကို
Management ဌာနကိုပါလိုက်ပို့ပေးပါ "

" ဟုတ်ကဲ့ ရပါတယ် "

အိမ်ပြန်နောက်ကျလို့ Chan စိတ်ဆိုးတော့မှာပဲ

" သူဌေးး Chanyeol ဆိုတဲ့သူရောက်နေပါတယ် "

" ဟင် .. Chan ? "

Chan က တခါမှမလာဖူးတဲ့
ကျတော့်ရဲ့ Company ကိုလိုက်လာတယ်ဆိုလို့ အရမ်းဝမ်းသာရပေမယ့်
သူကအလိုလိုမှ ကျတော့်ကို
Kris နဲ့ သဝန်တိုနေတာလေ
ပြီးတော့ သူ့ကိုဒီနေ့တနေကုန်အချိန်ပေးနိုင်မှာလဲ မဟုတ်တာမို့ အိမ်ပြန်ဖို့ကိုပဲ
အတွင်းရေးမှူးနဲ့စကားပါးလိုက်ပါတယ်

Love Affair ( Completed )Where stories live. Discover now