Part 21

8.2K 660 32
                                    

ကိုယ်ဝန်က ၈လကျော်လို့ ၉လထဲ
ရောက်လာတဲ့အခါ ဗိုက်စူပုံ့ပုံ့လေး ကနေ ဗိုက်ဖောင်းဖောင်းကားကားလေးအဖြစ်သို့
ရောက်လာပါပြီ

မွေးခါနီး ဖွားခါနီးအချိန်ဖြစ်လာလေ
ကျတော့်မှာ သူ့ကို ပိုပို ဂရုစိုက်ရလေပါပဲ
သူက အခုတလော အစားလဲ အရမ်းမစားတော့သလို
ကိုယ်လက်လှုပ်ရှားမှုလဲ အရမ်းနည်းနေပါပြီ
ခြေထောက်ကလေးတွေကလဲ ဖောင်းကားနေပြီး
လူကလဲ ဝဝဖြိုးဖြိုးလေးဖြစ်နေပါတယ်

" ဗိုက်ဗိုက်ရေ ဆေးသောက်ရအောင် "

သူကတော့ထိုင်နေကျ TV ရှေ့မှာပဲ
ပေါက်ပေါက်ဗူးကို ပေါင်ကြားထဲညှပ်ပြီး
Runningman ကြည့်နေပါတော့တယ်

ကြည့်နေရင်း ရယ်စရာပါလာပြန်တော့
တခွိခွိနဲ့ရယ်နေတာ ပူနေတဲ့ဗိုက်ကလေးကပါ
လှုပ်တုတ်တုတ်လေးဖြစ်နေလေရဲ့

" အားးး! ဆေးကြီးကနံလိုက်တာကွာ "

သံဓာတ်အားကောင်းတဲ့ ဆေးမို့လို့
သံချေးစော်နံတာကို ကျတော်သိပါတယ်
သူ အဲ့ဒီ့ဆေးကိုသောက်လိုက်တဲ့အခါတိုင်း
မျက်နှာမကောင်းတာကြောင့်
ကျတော် သောက်ကြည့်လိုက်တာ
အနံ့အရသာ အရမ်းဆိုးပါတယ်

ဒါကြောင့်လဲ သူ့အစား ကိုယ်သောက်ပေးချင်ပေမယ့်
ကိုယ်က ကလေးမွေးမယ့်သူမှမဟုတ်တာ
သူမွေးရမှာဆိုတော့ သူအားရှိနေမှဖြစ်မှာလေ  

" Chan ! .. ငုတ်တုတ်မေ့နေတာလား
ဖုန်းလာနေတယ်လေ .. သွားကိုင်လိုက်ဦး "

သူ့မျက်နှာလေး တစိမ့်စိမ့်ကြည့်ရင်း
ကြည်နူးနေစဉ် ဖုန်းသွားကိုင်ဖို့
ထအော်လိုက်တာမို့ လန့်သွားရတယ်
တကယ်လည်း အသံပြဲလာတဲ့ ဗိုက်ဗိုက်ပဲ

" Hello ... Nae noona "

" Nae .. Nae .. ကျတော် သွားလိုက်မယ်နော် "

Noona က နိုင်ငံခြားကနေ ဖုန်းခေါ်ပြီး Omma
နေမကောင်းတဲ့အကြောင်းကို လှမ်းပြောတာမို့လို့
ကျတော် seoul ကို ခဏတော့ပြန်သင့်တယ်လေ

" Hyun .. Omma နေမကောင်းလို့
ကိုယ် Seoul က အိမ်ကို ခဏသွားဦးမယ်နော် "

" ဟင် .. Hyun လဲ လိုက်မယ်လေ "

" ဗိုက်ဗိုက်ရေ .. ကိုယ့်ဗိုက်ကိုယ်လဲပြန်ကြည့်ပါဦး
မကြာခင်ပေါက်ထွက်တော့မယ့် ဗိုက်နဲ့တော့
Seoul ကိုမလိုက်ပါနဲ့ကွာ .. "

Love Affair ( Completed )Where stories live. Discover now