Part 22

8.6K 730 33
                                    

Omma က သွေးအရမ်းတိုးနေပြီး
မျက်နှာတွေပါ ယောင်နေတာမို့
အရမ်းစိတ်ပူပြီး ဆရာဝန်ကို အိမ်ခေါ်ပြတော့
Omma က အသင့်စား အစားအစာတွေ
စားတာများလို့တဲ့

Omma ကလဲ အသက်အရွယ်နည်းနည်းရလာတော့
မီးဖိုချောင် သိပ်မဝင်နိုင်တော့ဘူးလေ
Noona ခရီးထွက်နေချိန်ဆို Omma က
အပြင်အစာတွေပဲ စားတာတဲ့

စိတ်ထဲအရမ်းအားနာမိသွားပြီး
Omma စားဖို့ ညနေစာချက်ပြုတ်နေရင်း
နောက်တစ်နေ့အတွက်ပါ ဟင်းအရံတွေ
ချက်ပြုတ်ပြင်ဆင်နေတယ်

Noona ကလည်း မနက်ဖြန်ပြန်ရောက်တော့မှာမို့လို့
ဒီတစ်ညတော့ Omma နဲ့ အတူတူနေပေးလိုက်မယ်လို့
တွေးမိတာကြောင့် အိမ်က ဗိုက်ဗိုက်ကို
ခွင့်တိုင်ဦးမှပါလို့တွေးမိတယ်  ..
သူနားလည်ပေးလောက်ပါတယ်

" Omma အိမ်က ဗိုက်ဗိုက်ကိုဖုန်းဆက်ပေးပါ
ကျတော် ဒီညပြန်မလာဘူးလို့
အရမ်းမကြောက်ပဲ စောစောအိပ်လို့
ဒီနေ့တော့ ရေမချိုးနဲ့တော့ လို့ အဲ့ဒါလေးတွေ
ပြောပေးပါ "

" ကိုယ့်ဟာကို ဖုန်းဆက်ပြောပါလား "

" ဆက်လိုက်ပါ Omma ရယ်
ကျတော်မှ လက်မအားတာ "

Omma နဲ့ ဗိုက်ဗိုက် နဲ့
ဖုန်းပြောနေသံကြားရသလောက်တော့
ဗိုက်ဗိုက် က အိမ်မှာတစ်ယောက်တည်းနေတာ
အဆင်ပြေပုံပါပဲ
ကျတော် Omma အိမ်မှာ အိပ်မယ်ဆိုတာကို
သူအလွယ်တကူလက်ခံပေးခဲ့တယ်လေ

တဖြည်းဖြည်းနဲ့ ည ၉ နာရီလောက်ရောက်တော့
Omma နဲ့ ညစာစားပြီး အပြင်ထွက်လာတော့
လေတွေအရမ်းတိုက်နေတာကို သိရတယ်
ဒါကြောင့် မိုးလေဝသ သတင်းကိုဖွင့်ကြည့်ပြီး
Bucheon က မိုးလေဝသသတင်းကို
နားစွင့်နေတယ်

Bucheon မှာ ဒီနေ့ည မုန်တိုင်းတိုက်မယ်ဆိုတဲ့
သတင်းကြောင့် နေမကောင်းတဲ့ Omma ကို
တစ်ယောက်တည်းထားခဲ့ပြီး
Seoul ကနေ Bucheon ကို
မိုးသည်းနေသည့်ကြားက
ရအောင်ပြန်လာခဲ့တယ်

Bucheon မြို့ထဲက စဝင်လာချိန်တည်းက
အရမ်းကိုတိုက်ခတ်နေတဲ့လေ
သည်းကြီးမည်းကြီးရွာသွန်းနေတဲ့ မိုးကြောင့်
ဗိုက်ဗိုက် ကိုစိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်

Love Affair ( Completed )Where stories live. Discover now