Part 20

9.3K 757 60
                                    

မနက်တည်းက အိပ်လေလိုက်တာ နေ့လည်ခင်းထမင်းစားချိန်မှာ
ထမင်းထစားတယ်

ထမင်းစားပြီးတဲ့အခါ ကိတ်မုန့်ဖုတ်နေတဲ့ ကျတော့်အနားလာပြီး ပွတ်သီးပွတ်လာလုပ်တယ်
TV ကြည့်တယ် ပြီးရင်
နောက်တစ်ခါ ထပ်အိပ်တယ်

ဒါကတော့ နေ့စဉ်သူလုပ်နေကြ
အိပ်လိုက် စားလိုက် TV ကြည့်လိုက်
စသည်ဖြင့် သူ့အလုပ်တွေပေါ့
လူလေးကလည်း တဖြည်းဖြည်း
ဝဝ လုံးလုံး လေးဖြစ်နေပြီ

အခုလည်း ညနေ ၄နာရီထိုးနေပြီမို့
အိပ်နေတဲ့သူ့ကို နှိုးပြီး
ခြံထဲဆင်းပြီး လမ်းလျှောက်ခိုင်းတယ်

လမ်းနည်းနည်းလောက်လျှောက်ပြီး
ခဏကြာတော့ သူ့ပန်းခြံလေးထဲဝင်သွားပြီး
ရေပန်းခရားလေးနဲ့ ပန်းပင်တွေရေလောင်းနေတယ်
ရေလောင်း ပေါင်းသင် စတာတွေလုပ်ပြီးတဲ့အခါမှ
ချွေးတွေ ရွံ့တွေနဲ့အတူ
ပေတလူးးလေးဖြစ်သွားတော့
သူ့ကိုရေချိုးပေးဖို့ပြင်ဆင်ရပါပြီ

ဗိုက်ကလေးစူပုံ့ပုံ့လေးထွက်လာတည်းက
သူ့ကိုတစ်ယောက်တည်း ရေမချိုးခိုင်းတော့ဘူး
ရေချိုးခန်းထဲမှာ လဲမှာစိုးတာရယ်
ကိုယ်လေးလက်ဝန် မို့လို့ ဆပ်ပြာတိုက်ရတာ ကိုယ်လက်သန့်စင်ရတာ အဆင်မပြေတက်လို့
သူ့ကို ကျတော်ပဲ ရေချိုးပေးနေရတာပါ

" ရေချိုးပြီးရင် လက်သည်းညှပ်ပေးမယ်နော် "

" လက်သည်းကအရမ်းမရှည်သေးပါဘူး
မညှပ်နဲ့ဦး ခြေသည်းပဲညှပ်ပေး "

" ခြေသည်းရော လက်သည်းရော ညှပ်ပေးမယ် "

" Chan ကလဲ Hyun က လက်သည်းအရှည်ထားချင်လို့ပါ "

" မထားရဘူး
အိပ်နေရင်း ယောင်ပြီး ကုတ်ထားလို့
ဟိုတလောက Hyun မျက်နှာမှာ လက်သည်းခြစ်ရာကြီးနဲ့ ...
မရဘူး အဲ့ဒီ့ လက်သည်းတွေအကုန် တုံးတိဖြစ်သွားအောင် ညှပ်ပစ်မယ် "

" ဟွန့် .. "

သူပြောလို့ မရမှန်းသိတော့ ဆူပုတ်ပုတ်နဲ့
ကျတော် ရေချိုးပေးတာကိုပဲ ငြိမ်ခံနေတယ်

သူ့လက်ချောင်းသွယ်သွယ်လေးနဲ့ လက်သည်းအရှည်လေးထားတာလိုက်ဖက်ပေမယ့်
ပန်းခြံထဲမှာ ပေါင်းသင် ပြီးသွားရင်
လက်သည်းထဲမှာရွံ့တွေ
အမြဲဝင်နေတက်တော့ ညစ်ပတ်တယ်

Love Affair ( Completed )Where stories live. Discover now