Part . 1

31.2K 1.1K 53
                                    

" ကျတော်တို့ မင်္ဂလာဆောင်ပြီးရင် ကျတော့်အိမ်မှာပဲနေစေချင်ပါတယ်
Ommonie တို့ ခွင့်ပြုပေးနိုင်မလားမသိဘူး "

" အို ရပါတယ် သူဌေး Byun ရယ် "

" ခုလိုအဆင်ပြေပြေနဲ့လက်ခံပေးလို့
ကျေးဇူးတင်ပါတယ်ခင်ဗျ "

" မဟုတ်တာရှင် ကျမတို့မိသားစုတွေ
သူဌေး Byun ဆီမှာ ကျေးဇူးကြွေးတွေအများကြီးရှိနေတာပါ
ဒီနည်းလမ်းနဲ့ ဆပ်ခွင့်ရလို့
အတိုင်းမသိဝမ်းသာမိပါတယ် "

" ဒါဆို ကျတော့်ကိုပြန်ခွင့်ပြုပါဦးနော်
Chanyeol က ကျောင်းက
ပြန်မလာသေးဘူးထင်တယ် "

" ဟုတ်တယ် သားက ဒီအချိန်
အိမ်ပြန်မရောက်တက်ဘူးရှင့်
နောက်မှ သားနဲ့ သူဌေး Byun ကို သီးသန့်တွေ့ပေးဖို့စီစဉ်ပေးပါမယ် "

" ဟုတ်ကဲ့ အဲ့ဒါဆို ကျတော့်ကိုခွင့်ပြုပါဦး "

••••••••••••••

" Omma ! ခုဘာပြောတာလိုက်တာ ?
ယောကျာ်း အရင့်မာကြီးကျတော့်ကို
မိန်းမ မပေးစားပဲ
ယောကျာ်းပေးစားမယ် ဟုတ်လား ? "

" သားရယ်... "

" ဟားးးးး Omma ဒါတော့အရမ်းလွန်တယ်
ဒီအရွယ်မှာ မိန်းမပေးစားမယ်ဆိုရင်တောင်
ငြင်းမိမှာ သားခုမှ ကောလိပ်စတက်တာလေ အိမ်ထောင်သည်ဘဝကို နောက်၁၀နှစ်မှ
စတင်ဖို့ စိတ်ကူးထားတာလေ
ပြန်စဉ်းစားပါဦးလားဗျာ "

" စဉ်းစားလို့မရဘူး Chanyeol
မင်းအဖေမရှိတော့တဲ့အချိန်တည်းက
Byun အုပ်စုကငါတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်လာတာ
ငါ့အနေနဲ့ Byun အုပ်စုကို ကျေးဇူးဆပ်ဖို့ ဒီနည်းလမ်းပဲရှိတော့တယ် "

" ဟာ..အဲ့လိုဆိုလည်း Noona နဲ့ပေးစားလိုက်လေဗျာ
ဘာလို့ အဆန်းတကြယ်လုပ်ပြီး ကျတော့်ကိုယောကျာ်းပေးစားပြီးမှ
ကျေးဇူးဆပ်ရတာလဲ omma ရာ "

" ဟဲ့ ဟိုက နင့် Noona ကိုမကြိုက်ဘဲ နင့်ကိုမှကြိုက်တာလေ နင့်ကိုပဲယူချင်ပါတယ်ဆိုပြီး
သူ့ဘက်ကစပြီး ကမ်းလှမ်းလာတာလေ "

" ဘာ..! အဲ့လူကြီးက
ကျတော့်ကိုလိုချင်တာ ဟုတ်လား ? "

" အေး သူဌေး Byun က နင့်ကိုသဘောကျနေပါတယ် ချစ်ခင်နှစ်သက်နေပါတယ်ဆိုပြီး
သူ့မိဘတွေနဲ့အတူ ဒီနေ့ပဲလာပြီး တောင်းရမ်းတာ "

Love Affair ( Completed )Where stories live. Discover now