မနက်မိုးစင်စင်လင်းနေသော်လည်း
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကြောင့်
အိပ်ယာကမထချင်သေး" Chan ရေ ~ "
အာာာ..အိပ်ယာထနောက်ကျနေလို့
Chan က အိပ်ယာထနှင့်ပြီထင်ပါရဲ့
ဒါပေမယ့် Chan ရဲ့ ဂျုံနယ်သံ မုန့်ဖုတ်သံတွေ
ဘာလို့မကြားရပါလိမ့်ဆက်တွေးမနေတော့ဘဲ
မပွင့်သေးတဲ့ မျက်လုံးကို
အသည်းအသန်ဖြဲထားပြီး
ရေချိုးခန်းထဲဝင်သွားတယ်" ဟင် ? ..
Chan ရေ Chan ..
Hyun ရဲ့ သွားတိုက်တံ ပန်းရောင်လေးရော ? "အမြဲတမ်းတိုက်နေကျ သွားတိုက်တံပန်းရောင်လေးကို မတွေ့တာမို့ ရေချိုးခန်းထဲကနေ
အိမ်အောက်က သူ့ကိုလှမ်းအော်မေးလိုက်တယ်
ပြီးမှ Chan မကြားလောက်ပါဘူးဆိုပြီး
ထပ်မမေးတော့ဘဲ ရှိတဲ့သွားတိုက်တံလေးနဲ့ တိုက်လိုက်တယ်မျက်နှာသစ်မယ်ဆိုတော့ facial foam က
ကျတော် သုံးနေကျမဟုတ်ရေချိုးခန်းထဲက မှန်ကိုပြန်ကြည့်တော့
ထူးဆန်းတယ်
အရင်က ရေချိုးခန်းက အဲ့လောက်မကျယ်ပါဘူး
ပြီးတော့ မှန်က အဝိုင်းလေးပါ
အခုမှန်က အပြားကြီးဘာဖြစ်နေတာလဲဆိုတာ Chan ကို သေချာမေးဖို့
အိမ်အောက်ကို ဆင်းဖို့ပြင်လိုက်ကာမှ
မနေ့က မြန်ဆန်တဲ့ဖြစ်ရပ်တွေကို ပြန်တွေးမိတာကြောင့်
ရင်ထဲအလိုလိုမွန်းကြပ်လာတယ်" ဟင့် ... ဟင့် ... Chan ... Chan !!!
Eeeeee လွမ်းတယ် Chan ရဲ့ "ရေချိုးခန်းဝမှာ ရင်ဘတ်စည်တီးပြီး
အော်ငိုနေတဲ့ သားဖြစ်သူကြောင့်
Mrs.Byun စိတ်မကောင်းဖြစ်ရတယ်" သားရယ် .. ဘာတွေက စိတ်အနှောက်အယှက်ဖြစ်နေရတာလဲ "
...........
ငိုထားတယ်ဆိုတာ မသိသာစေဖို့
အလှပြင်လိုက်တယ်
ပုံမှန်အတိုင်းဆို စိတ်ညစ်ရင်အစားစားမဝင်ဘူး
အခုလဲ အရင်လိုပဲ စိတ်ညစ်တာမို့ အစားမစားချင်ဘူး
ဒါပေမယ့် ကလေးလေး ... ကလေးကျန်းမာဖို့အတွက်
ကျတော် ထမင်းစားမှဖြစ်မယ်အိမ်အောက်ကို ဆင်းလာပြီး ထမင်းစားပွဲထိုင်လိုက်တော့
Omma က ဟင်းရည်ပန်းကန်လေးလာချပေးတယ်
ပြီးတော့ ထမင်းလေးရယ် အသားပန်းကန်တချို့ရယ်