Part 14

10K 703 35
                                    

မပွင့်လင်းလွန်းတဲ့သူ့ကို စိတ်ဆိုးလွန်းလို့ အိမ်အပြင်ထွက်ပြီး ရောက်တင်ရာရာလျှောက်သွားနေချိန်
ဆိုင်လေး တစ်ခုရှေ့မှာ အုတ်အော်သောင်းနင်းနဲ့ လူတွေတော်တော်များများစုနေကြတာမို့ သိချင်စိတ်နဲ့ဝင်ပြီး စပ်စုမိတယ်

" တဆိတ်လောက် ~ "

" Nae .. ? "

" ဟို .. ဘာကိုစောင့်နေကြတာလဲဟင် "

" Aww .. Hyung ရဲ့ ဒီဆိုင်ကမုန့်ဆိုင်လေ
မုန့်ကိုကိုယ်တိုင်ဖုတ်ပြီး ပါဝင်ပစ္စည်းတွေကလဲ လတ်လတ်ဆတ်ဆတ်တွေမို့ ဒီနယ်မှာအရမ်းကျော်ကြားတာလေ "

" ဩော် ~ မုန့်ဝယ်ဖို့တန်းစီနေကြတာလား "

" မဟုတ်ဘူး Hyung ရဲ့ .. စိတ်မကောင်းစရာပဲ
ပိုင်ရှင်က Seoul ကိုပြောင်းတော့မှာမို့လို့ ဒီနယ်ကသူ့ဖောက်သည်တွေကို လက်ဆောင်မုန့်တွေအလကားဖုတ်ပေးခဲ့တာလေ "

" Aww ..
ခုလိုပြောပြတာကျေးဇူးပဲနော် ညီလေး "

" Hyung ရော့လေ .. ကျတော့်မုန့်ယူသွား
ပြီးရင်စားကြည့် .. ပိုင်ရှင်ပြောင်းသွားလို့
ဝမ်းနည်းရတဲ့ကျတော်တို့စားသုံးသူတွေရဲ့
ခံစားချက်ကို Hyung နားလည်သွားလိမ့်မယ် "

" အင်းးး ယူသွားပြီးစားလိုက်မယ်နော်
ကျေးဇူးပါ .. "

မုန့်ဆိုင်ရှေ့မှာတွေ့ခဲ့တဲ့ကောင်လေးကျွေးတဲ့မုန့်ကို
လမ်းသွားရင်းစားကြည့်တော့ အရမ်းကိုအရသာရှိတဲ့မုန့်ပါလား ဆိုပြီးမှတ်ချက်ချမိပါတယ်
ဒါကြောင့်လည်း ဒီနယ်က စားသုံးသူတွေနှမြောတသဖြစ်မိတာပေါ့ ..

ကျတော်လည်း အပြင်မှာ လျှောက်သွားနေရတာတွေလဲကြာလာပြီ
အိမ်မှာကျန်ခဲ့တဲ့ မပွင့်လင်းသူကြီးကိုလည်း စိတ်ဆိုးပြေပြီး စိတ်ပူရကောင်းမှန်းသိလာပြီမို့
ညနေစောင်းလေးမှာ အိမ်ပြန်လာခဲ့တယ်

ကျတော် သူရှိနေမယ့် အိမ်ပေါ်ထက်က ကျတော်တို့အိပ်ခန်းထဲဝင်လာတော့ ရေချိုးခန်းထဲမှာ
သူ ရေချိုးနေသံလေးကြားနေရတယ်

ကျတော်လဲ အပြင်ကိုနေ့တစ်ဝက်နီးပါး လျှောက်သွားထားတာမို့ ညောင်းနေပြီမို့
ဝရံတာဘက်ကိုထွက်လာပြီး
ထိုင်လို့လဲရ လှဲအိပ်လို့ရတဲ့ ကုတင်ရှည်ရှည်လေးပေါ်
သက်တောင့်သက်သာထိုင်ရင်း
Bucheon ရဲ့ နေဝင်ချိန်အလှကို
ကြည့်နေလိုက်တယ်

Love Affair ( Completed )Donde viven las historias. Descúbrelo ahora