Part 3

10.6K 928 60
                                    

ငှက်တွေရဲ့ အစာရှာထွက်သံတွေရယ် •
မနက်ခင်းလမ်းထလျှောက်သူတွေရယ် •
အိမ်မွေးခွေးတွေ ဟောင်သံတွေရယ် •
နွားနို့ပို့သမားရဲ့ ဆိုင်ကယ်သံရယ် •
သတင်းစာပို့သမားရဲ့
အားအပြည့်နဲ့အိမ်ထဲကပစ်လိုက်တဲ့
သတင်းစာ စာရွက်ကျသံရယ် •
စသည့် အသံပေါင်းများစွားကြောင့်
ကျတော့်ရဲ့မနက်ခင်းက မထချင် ထချင်နဲ့
နိုးထလာခဲ့ရပါသည်

" ဟူးးးးး ဒီ ပတ်ဝန်းကျင်ကတော်တော်ဆူတာပဲ "

စောစောစီးစီး ညဉ်းညူကာ
ကိုယ့်ဆံပင်ကိုယ် မကျေမနပ်ဆွဲဖွလိုက်စဉ်

" ကျတော်တို့ နေ နေတာက
လူလတ်တန်းစားတွေ နေတဲ့ရပ်ကွက်လေ Hyun ..
Hyun တို့လို သူဌေးတွေနေနိုင်တဲ့ ဆိတ်ငြိမ်ရက်ကွပ်မဟုတ်ဘူးလေ
ဒီလောက်တော့ ဆူညံမှာပဲ "

" အင်းပါ...စောစောထတော့
စိတ်တွေလန်းဆန်းပြီး
အလုပ်စောစော သွားနိုင်တာပေါ့ "

" ဒီနေ့ အလုပ်သွားမလို့လား ...
ကျောင်းလဲ တက်ဦးလေဗျာ
စာမေးပွဲကနီးနေပြီကို "

" တက်ပါ့မယ်ကွာ ...
ဒီနေ့ကတော့ အလုပ်သွားမှဖြစ်မယ်
Share ရှင် အစည်းအဝေးရှိလို့... "

" သဘောပဲဗျာ....
ကျတော် ရေချိုးခန်းအရင်သုံးချင်တယ်
အဆင်ပြေမလား "

" ပြေပါတယ် သုံးပါ ....
ဒါနဲ့ Chan ... ကြမ်းပြင်မှာ အိပ်ရတာအဆင်ပြေရဲ့လား
ကြမ်းခင်းက အရမ်းမအေးနေဘူးလား "

" မအေးပါဘူး...အဆင်ပြေပါတယ် "

" အင်းး အင်းးး Hyung အောက်ကိုဆင်းနှင့်မယ်နော် "

" မျက်နှာမသစ်ရသေးဘဲ မနက်စာ စားမလို့လား "

" Arnyi .. Ommoine ကို မနက်စာကူလုပ်ပေးမလို့ပါ "

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤


Chan တို့အိမ်လေးက တကယ်တော့ အတော့်ကိုချစ်စရာကောင်းပါသည်
အရမ်းလည်း မကျယ် အရမ်းလဲမကျဉ်းပဲ
အိမ်တွင်းပရိဘောဂ စုံစုံလင်လင်နဲ့ ချစ်စဖွယ်အိမ်ကလေးပါ .....

ကိုယ့်အိမ်မှာနေစဉ်ကတော့
မနက်ဆို ရုံးသွားခါနီးမှ အိပ်ယာထ ..
ရေချိုးခန်းကိုလည်း ကိုယ့်စိတ်ကြိုက်အကြိုက်သုံးပြီး
မနက်စာဆိုလည်း ဘာမှ အားထုတ်စရာမလိုပဲ
ကိုယ့်ရှေ့ တန်းရောက်နေတာလေ

Love Affair ( Completed )Where stories live. Discover now