မင်္ဂလာသက်တမ်း ၆လပြည့်
ဒီအတောအတွင်း စိတ်ညစ်စရာတွေလည်းရှိခဲ့သလို
စိတ်ချမ်းသာစရာတွေလဲအများကြီးရှိခဲ့ပါတယ်Chan နဲ့ လက်ထပ်ကာစက Chan က ကျတော့်ကို
မချစ်ပဲ သူ့မှာ ချစ်သူမိန်းကလေးရှိနေခဲ့တာမို့ စိတ်ညစ်ခဲ့ရပေမယ့်သိပ်မကြာခင် သူတို့ပြတ်သွားကြပြီး
ကျတော်တို့ အိမ်ထောင်ရေး သာယာခဲ့ရတယ်Chan ကအခုချိန်မှာ ကျတော့်ကို ချစ်နေလားဆိုတာ သေချာမသိပေမယ့်
သူ့ရဲ့နွေးထွေးမှု ဂရုစိုက်မှုတွေကြောင့်
ကျတော် လုံခြုံသလိုခံစားရပါတယ်Chan က ကျတော့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက်ပါပဲ
" ဘာလဲ ... မနက်အစောကြီးနိုးနေပြီး
မျက်နှာက ပြုံးစိစိနဲ့ "ကျတော်ဆိုတာကလဲလေ သူ့အကြောင်းတွေးနေရရင်
စိတ်လွတ်ကိုယ်လွတ်ပြုံးနေမိတဲ့သူလေ
အခုလည်း သူနိုးနေပြီဆိုတာကို သတိမထားမိပဲ
သူ့အကြောင်းတွေတွေးရင်း အရူးကြီးတစ်ယောက်လိုပြုံးနေမိတာ" ဒီနေ့က hyung နဲ့ Chan လက်ထပ်တာ ၆လပြည့်တဲ့နေ့လေ "
" အဲ့တော့ ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ "
" ဘုရားကျောင်းသွားရအောင်လေ "
" ဘုရားကျောင်း ? "
" အင်း ဟုတ်တယ် .. အရင်က Chan နဲ့ Hae Yon တွေ့တဲ့နေ့ဆိုရင် Hyung က ဘုရားကျောင်းသွားနေကျ "
ကျတော်ဆက်ပြောမယ့် စကားကို ဆက်လက်နားမထောင်တော့ဘဲ အိပ်ယာထဲက ရှူးရှူးရှားရှားနဲ့ ထသွားတယ်
ကြည့်ရတာ တခုခုကို စိတ်ဆိုးသွားတဲ့ပုံ
ကျတော့်စကားမှာ ဘာတွေများအမှားပါမိလို့လဲ...ဩော်...ဟုတ်သားပဲ ... သူက Hae Yon ရဲ့အကြောင်းမကြားချင်တော့ဘူးလေ
ကျတော့်ရဲ့ Chan က စိတ်ကြီးတယ်
သူ့အပေါ်မကောင်းခဲ့တဲ့ အဲ့ဒီမိန်းကလေးရဲ့
အကြောင်းကို နည်းနည်းလေးမှမကြားချင်ဘူးတဲ့လေဒါပေမယ့် သူအဲ့မိန်းကလေးအကြောင်းမကြားချင်တာက
မုန်းသွားလို့လား စိတ်နာလို့လား ဒါမှမဟုတ် ပြတ်ပြီးခဲ့တဲ့ ချစ်သူအကြောင်းကို တယောက်ယောက်က အစဖော်ရင်
ပြန်လည်သတိရစေလို့လား