ဒီနေ့က သူ့မွေးနေ့မို့လို့
သူ့မိဘ ကျတော့်မိဘ နှစ်မိဘတွေအားလုံး
Bucheon က ကျတော်တို့အိမ်ကို အလည်ကြပြီး
မွေးနေ့အတွက် ဂုဏ်ပြုဖို့ လာကြသည်မိဘများ နှင့် မွေးနေ့ရှင်လေး သူက
ဧည့်ခန်းမှာ စကားတပြောပြောနဲ့
ပျော်ရွှင်နေရှာတယ်
ကျတော်ကတော့ သူ့အတွက် မွေးနေ့ကိတ်မုန့်ကို
အကောင်းဆုံးဖုတ်လို့ပေါ့" Baekhyunee .. မွေးဖို့ရက်နီးနေပြီနော် "
" Nae .. Ommonie ကျတော်
နောက်နှစ်ရက်လောက်နေရင်
ဆေးရုံကြိုတက်ထားရတော့မယ် "" သားဆေးရုံတက်တဲ့နေ့ကျရင် Omma လာခဲ့မယ် "
" အင်း လာခဲ့ Omma .. ကျတော်က
Omma ရှိနေတော့ အားရှိတာပေါ့ "" Omma ရှိတော့အားရှိတယ်တဲ့
ပြီးရင် Chanyeol ပဲ တမ်းတနေတာမဟုတ်လား "" ဟာ .. Appa ကလဲ
Omma နဲ့ Chanyeol က တူတာမှမဟုတ်တာလေ "" အေးပါကွာ ဟားးးဟားးးးဟားးး "
မွေးနေ့ကိတ်လေးလုပ်နေတာ လှလှပပနဲ့
ပြီးဆုံးသွားပြီမို့ အိမ်ရှေ့ကိုထွက်လာခဲ့တော့
Appunim , Ommonie နဲ့ ကျတော် Omma
လူကြီး သုံးယောက်သားပေါင်းပြီး
ဗိုက်ဗိုက်ကို စနောက်နေကြတယ်ဗိုက်ဗိုက်ကလည်း သူစိတ်ဆိုးကြောင်းကို
အသံတဆာဆာနဲ့ပြောပြီး
ကောက်စိန်လုပ်နေရသေးတယ်ကျတော်သူ့ဘေးလေးသွားထိုင်တော့
ကျတော့်လက်မောင်းကို လာချိတ်ပြီး
သူ့မိဘ၂ယောက်လုံးကို မျက်စောင်းထိုးပြနေတယ်ပြောချင်တဲ့သဘောက
" Hyun ကို Appa နဲ့ Omma
စနေကြတယ် Chan ဆူပေးပါ " ဆိုတဲ့ ရုပ်ကလေးနဲ့ချွဲနေတယ့် ဗိုက်ပူလေးကို ချစ်လွန်းလို့
မိဘတွေရှေ့မှာရှိနေတယ်ဆိုတာကိုလည်း
ဂရုမပြုနိုင်တော့ပဲ သူ့ပါးဖောင်းဖောင်းလေးကို
ဆွဲညှစ်ပြီး" Aigoo .. မွေးနေ့ရှင်လေး စိတ်မကောက်ရဘူးလေ
Birthday cake လေးခွဲရအောင်လေကွာ "" ဟာ .. ဟုတ်သားပဲ
Birthday cake ခွဲရမယ် ..
Chan ဖယောင်းတိုင်တွေပေး "လက်ထဲမှ ဖယောင်းတိုင်းတွေကို ယူသွားပြီး
ကိတ်မုန့်လေးပေါ်မှာ ဖယောင်းတိုင်လေးတွေ
စီစီရီရီထွန်းလိုက်သည်