စိမ်းစိုလန်းဆန်းနေသော ပတ်ဝန်းကျင်ကို
ကြည့်ကာ တဲအိမ်သေးသေးလေးထဲတွင် အပန်းဖြေနေသည်မှိုင်းညို့နေတဲ့ တောင်တန်းကြီးနဲ့
စိမ်းလန်းနေတဲ့ မြက်ခင်းတွေကပဏံသင့်စွာလှပလွန်းတဲ့ အရောင်စုံပန်းတို့ဆီက
ရနံ့တွေကလဲ ထုံသင်းမွှေးကြိုင်လျှက်ရှိသည်အေးချမ်းချိုမြနေသော အမည်မသိ
အချိုအရည်ကို ကျတော်သောက်သုံးနေစဉ်
ဘေးဘက်ဝဲယာ လှည့်လည်ကြည့်ရှုမိတော့
တဲအိမ်လေးရဲ့ ဘေးမှာတွေ့ရတဲ့
စိမ်းလန်းနေတဲ့ ဖရဲစိုက်ခင်းကြီးဖရဲစိုက်ခင်းရဲ့ အလယ်မှာမှ
ဖွံ့ဖွံ့ထွားထွား နဲ့ စားကောင်းပုံရတဲ့
ဖရဲသီးအကြီးကြီးက တစ်လုံးတည်းဝင့်ကြွားစွာ
တည်ရှိနေတယ်ထိုဖရဲသီးကို စားမယ်အကြံနဲ့ ဖရဲစိုက်ခင်းထဲခြေချမိတော့
ဘယ်ကနေ ရောက်ချလာမှန်းမသိရတဲ့ Hyunအဝေးကနေ ထိုဖရဲသီးကြီးဆီကို အပြေးအလွှားပြေးလာပြီး အနားရောက်တဲ့အခါ
ဖရဲသီးကို အားပါပါနဲ့ ထိုးခွဲလိုက်တာ
သူ့လက်သီးသေးသေးလေးနဲ့ပြီးတော့ ဖရဲသီးအကြီးကြီးတစ်ခုလုံးကို
သူ့ရင်ခွင်ထဲထည့်ကာ သူ့တစ်ယောက်တည်း
မြိန်ရေယှက်ရေစားသုံးနေတယ်သူအားရပါးရစားနေတာမြင်လို့ စိတ်ချမ်းသာသော်လည်း
အများကြီးစားရင် ရင်ပြည့်မှာစိုးလို့
မစားဖို့တားသော်လည်း သူကနားမထောင်
ဆက်၍သာ စားနေတော့သည်တားးမရတဲ့အဆုံး စိတ်တိုတိုနဲ့ အော်ဟစ်လိုက်တယ်
" Hyun ! .. ဆက်မစားနဲ့တော့ဆိုနေ "
Hyun ကို အော်လိုက်တဲ့အချိန်မှာပဲ
ကျတော်က အိပ်ယာပေါ်မှာ ငုတ်တုတ်ထထိုင်မိပြီး
ဆောင်းဦးရာသီကြောင့် အေးချမ်းနေချိန်မှာ
ကျတော်က အိပ်ယာပေါ်မှာ ချွေးဒီးဒီးကျနေတယ်" Arr .. အိပ်မက်မက်နေတာပဲ "
အိပ်မက်ကလန့်နိုးတာနဲ့
Hyun ကို သတိရသွားတာမို့ ဘေးကအိပ်ယာလေးကိုကြည့်မိတော့ နေရာအလွတ်လေးသာတွေ့ရတယ်အနည်းငယ်အေးစက်နေပြီမို့ သူထသွားတာကြာပြီထင်တယ်
ညဥ့်နက်သန်းခေါင် အိပ်ယာထသွားပုံထောက်ရင်
သူ အပေါ့သွားရင်သွား မသွားဖြစ်ရင် သူထမင်းထစားတာပဲ