Part 17

9.2K 701 38
                                    

" Hyun .. ကိုယ်ဝန်ရှိနေပြီတဲ့ "

" ဘာ !  "

အစောပိုင်းတုန်းက နဲ့ အနေအထား ကွာခြားစွာ
သူ့မျက်နှာမှာ စိတ်ညစ်သွားတဲ့အရိပ်အယောင်

ဘာလို့လဲ စိတ်ထားအရမ်းနူးညံ့တဲ့သူက
သူ့ဆီမှာ သူနဲ့ကျတော် ၂ယောက်ပေါင်းထားတဲ့ ရင်သွေးကလေးလေးရှိနေတာကို
ဘာကြောင့် စိတ်ညစ်သွားရတာလဲ

" Congratulation သားလေး "

" Omma .. နည်းနည်းလေးတောင်
မအံ့ဩဘူးလား
Omma ရဲ့သားက သဘာဝလွန်အဖြစ်ကိုဖြစ်သွားတာနော်
ဘယ့်နှယ် .. ယောကျာ်းလေးက ကိုယ်ဝန်ဆောင်စရာလား "

" Hyun !! .. မင်း ဘာဖြစ်နေတာလဲ ? "

ကျတော့်ရဲ့အော်ဟစ်သံကိုတောင်
သူဂရုမပြုနိုင်သေးဘဲ
Ommonie ကို စူးစူးရဲရဲကြည့်နေတယ်
သူဘာလို့ ချက်ချင်းကြီးတခြားလူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ

" Omma !!!! ဘာကြောင့်ပြုံးနေတာလဲ "

" သားလေးမှတ်မိလား
သားလေး အလယ်တန်းတုန်းက
အူအတက်ပေါက်လို့ ခွဲစိတ်ရပြီး
အဲ့တည်းက တစ်ကိုယ်လုံးကို
စစ်ဆေးကြည့်လိုက်တာ သဘာဝနဲ့ဆန့်ကျင်ပြီး သားအိမ်ပါလာတာကို သိလိုက်ရတယ်လေ
ဒါကြောင့် သား ကလေးလေးရလာတာကို
Omma က မအံ့ဩတော့ဘူး "

Ommonie ရဲ့ရှင်းပြသံအရှည်ကြီးအပြီးမှာ
လူနာကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ပြီး
တနေရာတည်းကို စူးစိုက်ကြည့်နေတယ်
စကားလုံးဝပြောတော့ဘူး

ဆေးရုံမှာ သူ့ကျန်းမာရေးစိတ်ချဖို့အတွက်
နေရတဲ့ ၂ရက်အတွင်းမှာလဲ
ကျတော့်ရဲ့ စကားတွေ နဲ့ မေးခွန်း တွေကို
အင်း .. ဟင့်အင်း .. ဒီစကားလုံးတွေနဲ့ပဲ
အဖြေပေးလေတယ်

ရုတ်တရက်ဆိုတော့
သူ အံ့အားသင့်နေလို့နေမှာပါလေ

" ကိုယ် .. Hyun ဆေးရုံဆင်းဖို့အတွက်
သွားစီစဉ်လိုက်ဦးမယ်နော် "

ကုတင်ပေါ်လှဲနေတဲ့ သူ့နှဖူးလေးကို
အနမ်းလေးပေးပြီး ပြောလိုက်တော့
အင်း ဆိုတဲ့စကားသံမှလွဲ၍
ကျန်တဲ့စကားကိုမပြော

ဘာဖြစ်လို့ အရမ်းသူစိမ်းဆန်သွားရတာလဲ Hyun ရယ်

ကျတော် Hyun ဆေးရုံကဆင်းဖို့ အားလုံးစီစဉ်ပြီးလို့
အခန်းထဲပြန်ဝင်လာတော့
အဝတ်တွေ နဲ့ ပစ္စည်းတချို့ကို Ommonie က သိမ်းနေတယ်
Hyun ကတော့ ကုတင်ပေါ်မှာ မလှုပ်မယှက် ထိုင်နေတုန်း
တနေရာတည်းကို ပေါက်ထွက်မတပ် စူးစိုက်ကြည့်နေရင်းပေါ့

Love Affair ( Completed )Where stories live. Discover now