" ကဲ ပြောပါဦး မင်္ဂလာသက်တမ်း၆လပြည့်တဲ့နေ့မှာ
ကြည်ကြည်နူးနူးနဲ့ ဘုရားကျောင်းကိုမသွားရတော့ဘဲ
စိတ်ဆိုးသွားရတဲ့အကြောင်းအရင်းလေး "" စိတ်မဆိုးပါဘူး ... ဒီတိုင်း ... "
" ဒီတိုင်း ! ဘာကို ဒီတိုင်းလဲ ..
စိတ်ဆိုးသွားတာမို့လို့ အလုပ်သွားတာမဟုတ်လား "" တကယ် အလုပ်ရှိလို့ပါ "
" ယုံမယ်ထင်နေလား
Hyun ရဲ့ အလုပ်အချိန်ဇယားကို
Hyun အသိဆုံးလေ
အားနေတာသေချာလို့ ကျတော့်ကို ဘုရားကျောင်းသွားဖို့ပူဆာတာမဟုတ်ဘူးလား
ကဲ မြန်မြန်ပြော ... ဘာကိုစိတ်ဆိုးတာလဲ "သူစိတ်ဆိုးနေတဲ့အကြောင်းအရင်းကိုရိပ်မိနေသော်လည်း
သူ့ပါးစပ်ကပြောတာကို ကြားချင်မိလို့ အကြပ်ကိုင်ကာမေးနေမိခြင်းပါဒါကိုတောင်မပြောနိုင်သေးဘဲ
လက်နှစ်ဖက်ကို မီးထွက်မတပ်ပွတ်သတ်နေပြီး
ကြမ်းပြင်ကိုပေါက်ထွက်တော့မယ့်အတိုင်း
စိုက်ကြည့်နေတယ်
ကျတော်ဆိုတာလည်း အရင်တည်းကစိတ်မရှည်တက်သူမို့" မေးနေတာ ဖြေလေ
ဘာကို စိတ်ဆိုးနေတာလဲလို့ ! "သူ့ကိုမအော်ပါနဲ့လို့ပြောထားတဲ့ စကားကိုလစ်လျူရှုလိုက်မိတယ်
သူ့ ပခုံးသေးသေးလေးကို လှုပ်ရမ်းခါရင်း
ဒေါသတကြီးမေးမိတော့
သူ့မျက်နှာပေါ်မှာ ကျတော်မုန်းတဲ့ မျက်ရည်တွေ" ဟင့် ... Chan က အခုတောင်မှ ... ဒေါသအရမ်းကြီးနေတာလေ
ဟင့် .. စိတ်ဆိုးတဲ့ အကြောင်းအရင်းပြောမိရင်
ပိုစိတ်ဆိုးသွားမှာပေါ့ "" နောက်ထပ် Hae Yon ကြောင့်ပဲလား "
" ...... "
" ဟုတ်ရင် ဟုတ်တယ်ပြော
ခေါင်းကိုအတင်းငုံ့မထားနဲ့
စိတ်ဆိုးရတဲ့အကြောင်းအရင်းကိုပြောမှ
ဖြေရှင်းလို့ရမှာ .. "" ဟုတ်တယ် "
" ပြောပြမယ် .. ဒီမှာ ကျတော့်မျက်နှာကိုကြည့် "
ကျတော့်ကို မျက်နှာချင်းမဆိုင်ရဲဖြစ်နေတဲ့သူ့ကို
မကြောက်မလန့်အောင် ကျတော့်မျက်နှာကိုတည့်တည့်ကြည့်ခိုင်းလိုက်တယ်
သူ့မျက်နှာသေးသေးလေးကိုလဲ ကိုင်ထားရင်းပေါ့