မနက်ခင်းရဲ့ နေရောင်ခြည်ခပ်နွေးနွေးလေးက
သူ့မျက်နှာပေါ်ဖြာကျနေချိန် ..
သူဟာ ကမ္ဘာပေါ်မှာ
အချောမောဆုံးနဲ့ အခန့်ညားဆုံးလူသားပဲကုတင်ထက် သက်တောင့်သက်သာလှဲအိပ်နေတဲ့ကျတော့်ကို
စိတ်မချလက်မချဖြစ်ပြီး ကျတော့်လက်ကို ခပ်တင်းတင်းဆုတ်ကိုင်ရင်း
မနက်လင်းခါနီးလေးမှ အိပ်ပျော်သွားပုံပါပဲညက အချိန်မတော်ကြီးကျမှ
ဗိုက်က မခံရပ်နိုင်အောင် အောင့်နေတာမို့လို့
သူ့ခမျာ Nurse တွေကို အပြေးအလွှားသွားခေါ်ရတယ်
လိုအပ်တဲ့ဆေးတွေသောက်ဖို့
အစားစားဖို့လိုတယ်ဆိုလို့
ဆေးရုံကရောင်းတဲ့ ဆန်ပြုတ်ကို အချိန်မတော်သွားဝယ်ရသေးတယ်
ညက တစ်ညလုံး ကျတော်ကို စိတ်မချလို့ဆိုပြီး သူကောင်းကောင်းမအိပ်နိုင်ရှာဘူးလေကျတော့်ဘဝကလဲ အခုချက်ချင်း အချစ်ခံရပြီး
ဒီလောက် ဂရုစိုက်နိုင်တဲ့ ခင်ပွန်းရလာတာမို့လို့
မျက်ရည်ဝဲမတပ် ပျော်ရွှင်နေရပါတယ်ကျတော့်လက်ကိုကိုင်ထားတဲ့ သူ့လက်ကလေးကို
ခပ်ဖွဖွလေးပြန်လည် ပွတ်သတ်ပေးရင်း" ကျေးဇူးတင်ပါတယ် Chan ..
ချစ်ပေးတဲ့အတွက်ရော ..
စည်းစိမ်တွေမရှိတော့တဲ့ အခွံဘဝမှာတောင် မထားပစ်ခဲ့လို့ ကျေးဇူးပါ Chan "သူပြန်ချစ်လာတာမို့ပျော်ရွှင်ရပေမယ့်
ကျတော့်ရဲ့ လက်ရှိအခြေအနေကိုပြန်တွေးမိတဲ့အခါ
စိုးရိမ်မှုနဲ့အတူ ဝမ်းနည်းမှုတွေက တဖြည်းဖြည်းပြန်လည်ဝင်ရောက်လာတယ်" ဟင့် ... ဟင့် ... "
ကျတော့်ငိုသံကြားလို့ထင်ပါရဲ့
သူနိုးလာတယ်
ကျတော့် မျက်ရည်တွေကို ခပ်မြန်မြန်သုတ်ပေမယ့်
သူမြင်ဖြစ်အောင်မြင်သွားပြီး" ဘာ ဖြစ်လို့လဲ Hyun ?
ဘယ်နားနာနေလဲ .. ခုထိဗိုက်အောင့်တုန်းလား
ခနနေဦးနော် Nurse သွားခေါ်လိုက်ဦးမယ် "ကျတော် ဗိုက်အောင့်နေတယ်အထင်နဲ့
သူအရမ်းစိုးရိမ်သွားပြီး Nurseတွေရှိတဲ့အခန်းကို
အပြေးသွားခါနီးသူ့လက်ကို လှမ်းဆွဲရင်း
မျက်ရည် စက်လက်နဲ့ ခေါင်းခါပြမိတယ်