Part 2

12.9K 941 50
                                    

ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတယ်
ဘဝမှာ တစ်ခါပဲကြုံတွေ့ရမယ့် မင်္ဂလာပွဲကို ကြည်နူးပျော်ရွှင်ဖို့ကောင်းမယ်
မိသားစု သူငယ်ချင်းအပေါင်းအသင်းစုံစုံလင်လင်နဲ့
ချစ်ရသူလက်ကို ဝင့်ဝင့်ကြွားကြွားတွဲပြီး
ပျော်ပျော်ရွှင်ရွှင်လက်ထပ်ရမယ်လို့ ....

ခုလက်ရှိမှာတော့
ကျတော်တို့ ၂ယောက်နဲ့အတူ
လက်ထပ်စာချုပ်လေး ၂ရွက်နဲ့
နှစ်ဖက်မိသားစု ကလွဲရင် ကျတော့်မင်္ဂလာပွဲဟာ ခြောက်ကပ်ကပ်နဲ့ပြီးဆုံးခဲ့သည်

ငယ်စဉ်တည်းက မိဘနဲ့ပဲအတူနေပြီး
တစ်ခါမှခွဲမနေဖူးတဲ့ကျတော်က
ချစ်ရတဲ့သူအလိုကျ မိဘနဲ့ခွဲနေမယ်ဆိုတော့
ကျတော့် Appa က ငြိုငြင်တယ်
Omma က ဝမ်းနည်းပက်လက်ဖြစ်နေတယ်
ကျတော် ကိုယ်တိုင်လည်း ကြောက်လန့်နေမိသည်

ကျတော်သူ့ကိုချစ်လွန်းလို့ ဘယ်နည်းနဲ့ပဲသူ့ကိုပိုင်ဆိုင်ရပါစေ ပိုင်ဆိုင်မှဖြစ်မယ်ဆိုတဲ့စိတ်ကြောင့်သာ ရှေ့ဆက်တိုးနေရတာပါ
Chan ထင်နေသလို ကျတော်ဟာ အမှတ်မရှိအရှက်မရှိ
အကြောက်အလန့်မရှိတဲ့သူမဟုတ်ပါဘူး

" ဟူးးးးး "

" ဘာတွေသက်ပြင်းချနေတာလဲ...
ခင်ဗျားကြီးပဲ လက်ထပ်မယ်ဆိုလို့
ကျုပ် ကလန်ကဆန်မလုပ်ပဲ လက်ထပ်ပေးပြီးပြီနော် "

" Hyung သက်ပြင်းချတာမဟုတ်ပါဘူး Chan ရယ် "

ခုမှအသစ်စက်စက်ယောကျာ်းနဲ့အတူ
တခါမှမနေဖူးတဲ့ အသစ်စက်စက်ယောက္ခမအိမ်သွားရမှာမို့လို့
စိတ်ထဲ လန့်နေပြီးတော့ ခေါင်းတွေကိုက်လာလို့
ကိုယ့်ခေါင်းလေးကိုယ်ဖိနှိပ်နေလိုက်သည်
ခုချိန်မှာ Chan စီက ချစ်စကားတီတီတာတာထွက်မလာမယ့်အတူတူ ရန်မဖြစ်ချင်သေးဘူးဗျာ...

" ဘာ...ဘာဖြစ်လို့လဲ...
နေမကောင်းဘူးလား "

" အင်း နည်းနည်း ခေါင်းကိုက်နေလို့ "

" အိမ်ရောက်တော့မယ်...
အိမ်ရောက်ရင်အိပ်လိုက်တော့
Omma ကို မနက်မှနှုတ်ဆက်တော့ "

" အင်းးးးး "

Chanyeol's pov

ဘာလဲ ဒီလူကြီးက နူးညံ့လှချည်လား
မင်္ဂလာပွဲအတွက် တရားရုံးမှာလက်မှတ်ထိုးပြီး နှစ်ဖက်မိသားစုထမင်းလက်စုံစားပြီးတာနဲ့ အိမ်တန်းပြန်တာကိုတောင် ခေါင်းကိုက်နေသေးတယ်
ဒီလို ပျော့တိပျော့ဖတ်ပုံနဲ့ ကုမ္ပဏီကို ဘယ်လိုအုပ်ချုပ်နေလဲမသိဘူး

Love Affair ( Completed )Tahanan ng mga kuwento. Tumuklas ngayon