Part 16

10.5K 767 44
                                    

" Hyun ရေ ဒီမှာ ဘာထိုင်လုပ်နေတာလဲ
ဆိုင်ထဲ ခနဝင်ခဲ့ဦးလေ
လူတွေအရမ်းများနေတာ ကိုယ့်ကို ကူလုပ်မပေးပဲ
ခြံထဲလာထိုင်နေရလား "

" ထိုင်နေတာ မဟုတ်ပါဘူး Chan ရဲ့
ပန်းပင်လေးတွေစိုက်နေတာပါ "

" ငပျင်းးးးကို လင်တော်ထားရတယ် 😤 "

" Yeobo ကလဲ Hyun ကမှ
ဘာမှမလုပ်တက်တာကို
ပျင်းတာမဟုတ်ပါဘူး "

" အမလေး မုန့်မဖုတ် ခိုင်းပါဘူးကွာ
လာဝယ်တဲ့သူတွေဆီကပဲ ပိုက်ဆံလိုက်ကောက်ပေးပါကွာ
ကိုယ့်ကို အဲ့ဒါလေးတော့ ကူညီပါ "

" အင်း အင်း Chan အကူညီတောင်းတာမို့
Hyun က ကူညီပေးရမှာပေါ့ "

" အေးပေါ့ စာရင်းကိုင် စီးပွားရေးပညာရှင်ကြီးကို
ယူထားရတာပဲ ဒီလောက်တော့ ခိုင်းစားရမှာပေါ့ "

" 😞😞 "

" စတာပါကွာ .. လာ လာ
ဆိုင်ထဲမှာ ဝယ်သူတွေအရမ်းများနေပြီ "

ဆိုင်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ
ပေါင်မုန့် နဲ့ မွေးနေ့ကိတ် order မှာ သူတွေ အစုလိုက်အပြုံလိုက်တွေ့လိုက်ရပါတယ်

Chan က ပေါင်မုန့် နဲ့ ကိတ်မုန့်ဖုတ်တယ်
ညတည်းက ကြိတ်စက်နဲ့ ကြိတ်ထားတဲ့ ကော်ဖီမှုန့်လေးတွေကို ကျတော်က
အသင့်ဖျော်စပ်ပြီး ကော်ဖီလဲ ရောင်းပါသေးတယ်
( လာအားပေးဦးနော် 😝 )

ပြီးရင် စားသုံးသူတွေဆီက ကျသင့်ငွေကို
ကျတော်က လိုက်ကောက်တယ်
ဟုတ်တယ်လေ ကျတော့်အလုပ်ကဒါပဲ
ကော်ဖီဖျော်ပေးတယ်
ပိုက်ဆံသိမ်းတယ်

Chan ကလဲ ကျတော့်ကို အများကြီးမခိုင်းဘူး
ကျတော်ကလဲ စားတာနဲ့ အိပ်တာကလွဲရင်
ဘာမှမလုပ်တက်ဘူး

အရင်ကတော့ Chan ကို ကလေးတယောက်လိုသဘောထားပြီး ကျတော်ကပဲ စီးပွားရေးလုပ်ရတာမို့ လူကြီးဆန်သေးတယ်
အခုတော့ ကျတော်က ကလေးပြန်ဖြစ်နေပြီး
Chan က အရမ်းလူကြီးဆန်လာတယ်
တာဝန်ယူမှုအပြည့်ရှိတဲ့ သူ့ကိုရွေးချယ်မိတာမို့
ကျတော်အရမ်းပျော်ရွှင်ရပါတယ်

ပြီးတော့ ကျတော်စိတ်ကူးယဉ်ခဲ့ရတဲ့
ကျတော့်ရဲ့ သာယာတဲ့မိသားစုလေးကို
ကျတော်နဲ့ Chan အတူ
အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်

Love Affair ( Completed )Where stories live. Discover now