Part 11

11K 805 42
                                    

ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ
သူ့ကိုစိတ်ပူရမယ်ဆိုတာကိုတော့ သိနေသေးတယ်
စိတ်ဆိုးလွန်းလို့သာ သူ့ကို
တစ်ယောက်တည်းထားခဲ့ပြီး
Seoul ကိုပြန်လာခဲ့သော်လည်း လမ်းတလျှောက်လုံးသူ့ကိုစိတ်မချနိုင်ဘူး
လူမရှိတဲ့အိမ်မှာ ညဥ့်နက်အချိန်ကြီးမှာ
သူ့ကိုတစ်ယောက်တည်းထားခဲ့ရတာမို့
စိတ်အရမ်းပူနေရပြီ
သူအရမ်းကြောက်နေရှာမှာ

" Hello Arjushi "

ကျတော့်ရဲ့ အတွေးကတော့
သူ့ရဲ့ Driver ဦးလေးကြီးကိုဖုန်းဆက်ပြီး
သူ့ကိုသွားခေါ်ပေးဖို့ ဖုန်းဆက်ပြောလိုက်မယ်ပေါ့

" ဟုတ်ကဲ့ ပြောပါခင်ဗျ "

" Baekhyun က အခု Bucheon က သူ့အိမ်မှာတစ်ယောက်တည်းမို့
သွားခေါ်ပေးပါ Arjushi "

" အကိုလေးနဲ့ အတူမရှိနေဘူးလား "

" ဟုတ် .. ကျတော်တို့ နည်းနည်းစကားများထားလို့ "

" Baekhyun လေးနဲ့ စကားများရင်လဲ
ဒီနေ့တနေ့တော့ အကိုလေးကသည်းခံပေးပါ
Baekhyun လေး အရမ်းစိတ်ညစ်နေရတယ်
ပြီးတော့ ကျတော်ဟာလဲ Baekhyun လေးရဲ့
Driver မဟုတ်တော့ပါဘူး "

" ဗျာ .. ဘာဖြစ်ကြတာမို့လို့လဲ "

" ဒီလိုပါ .. Baekhyun လေးက
Company ရဲ့ Share တစ်ဝက်ကို ထုတ်ရောင်းတယ်ဆိုတာ သူဌေးကြီးကသိသွားပြီး
Baekhyun လေးကို ရိုက်နှက်ဆုံးမခဲ့ပါတယ်
ပြီးတော့ Baekhyun လေးကို
အခြောက်လို့ပြောပြီး
ယောကျာ်းတစ်ယောက်အတွက်နဲ့
Company ရဲ့ Share တွေထုတ်ရောင်းတဲ့သူ
စသည်ဖြင့် စကားလုံးအကြမ်းတွေနဲ့ ဆူခဲ့တာပါ
Baekhyun လေးကလဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုထားပြီး
အကိုလေးဆီကိုသာ ပြေးထွက်သွားခဲ့တာပါ
ဒါကြောင့် အကိုလေးက
Baekhyun လေးကို စောင့်ရှောက်ပေးပါ
Baekhyun လေး စွန်လွှတ်ခဲ့ရတာတွေနဲ့ညီမျှတဲ့ နွေးထွေးမှုတွေပေးပါ "

" ကျတော်က ခုမှသိရတာ
ခုလိုရှင်းပြတာ ကျေးဇူးပါပဲ Arjushi "

Arjushi ဆီကိုသာ ဖုန်းမဆက်ဖြစ်ခဲ့ရင်
ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ မတွေးရဲစရာပဲ
ကျတော့်အပေါ်အရမ်းကောင်းပေးတဲ့ သူ့ကိုကျတော်အမှားတွေအများကြီးကျူးလွန်မိသွားပီ

Love Affair ( Completed )Where stories live. Discover now